NSA လုပ်ရပ် ထောက်လှမ်းရေး အကြီးအကဲ ကာကွယ်ပြောဆို

  • 30 အောက်တိုဘာ 2013
Image caption NSA ညွှန်မှူး James Clapper

အမေရိကန် အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ NSA ဟာ ဥရောပက မဟာမိတ် နိုင်ငံတွေကို ထောက်လှမ်းမှုတွေ လုပ်နေပြီး ဥပဒေမဲ့ တရားမဝင်တဲ့ လုပ်ရပ်ဖြစ်တဲ့ အမေရိကန် လူထုရဲ့ ဆက်သွယ် ဆောင်ရွက်မှုတွေကို စောင့်ကြည့်တယ် ဆိုတဲ့ စွပ်စွဲ ပြောဆိုချက်တွေ အပေါ် အမေရိကန် ထောက်လှမ်းရေး အကြီးအကဲက ကာကွယ် ပြောကြားလိုက်ပါတယ်။

ကွန်ဂရက် လွှတ်တော် ကြားနာ စစ်ဆေးပွဲမှာ အမျိုးသား ထောက်လှမ်းရေး ညွှန်ကြားရေးမှူး James Clapper က ပြောကြားရာမှာ ပြည်ပြေး ထောက်လှမ်းရေး ဝန်ထမ်းဟောင်း အက်ဒွပ်စနိုဒင်ရဲ့ လူသိရှင်ကြား ဖွင့်ချမှုတွေဟာ အမေရိကန်ရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

အရင်က အမှားလုပ်ခဲ့တာတွေကို သူက ဝန်ခံခဲ့ပေမယ့် အမေရိကန် လူထုအပေါ် တရားနည်းလမ်း မကျစွာ စောင့်ကြည့်ခဲ့တာ ၊ နိုင်ငံရပ်ခြားက လူတွေ အပေါ် မဆင်မခြင် အရမ်းကာရော ထောက်လှမ်းမှု လုပ်တာတွေကို NSA က မလုပ်ခဲ့ပါဘူးလို့လည်း သူက ပြောပါတယ်။

NSA အကြီးအကဲ ဗိုလ်ချုပ်ကြီး General Keith Alexander ကလည်း မီဒီယာတွေမှာ ဖော်ပြခဲ့တဲ့ ပြင်သစ် ၊ အီတလီနဲ့ စပိန် က ဖုန်းဆက်သွယ် ပြောကြားမှုတွေကို ကြားဖြတ် နားထောင် ထောက်လှမ်းမှုတွေ လုပ်ခဲ့တယ် ဆိုတာဟာ လုံးဝ မမှန်ဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ