ပိုလီယို ကလေး ၁၀ ဦး ဆီးရီးယားမှာ တွေ့ရှိ

  • 29 အောက်တိုဘာ 2013
Image caption ရောဂါပိုး ရှိသူတွေဟာ အသက် ၂ နှစ်အောက် ကလေးတွေဖြစ်

ဆီးရီးယားနိုင်ငံမှာ ပိုလီယို အကြောသေ ရောဂါ ကူးစက်ခံထားရတဲ့ ကလေးငယ် ၁၀ ဦးကို တွေ့ရှိရကြောင်း ကုလသမဂ္ဂက အတည်ပြုခဲ့ပြီး ဒီရောဂါဟာ နယ်စပ်ကို ကျော်လွန် ကူးစက် နိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးလိုက် ပါတယ်။

ရောဂါပိုး ရှိသူတွေဟာ အများအားဖြင့် အသက် ၂ နှစ် အောက် ကလေးငယ်တွေ ဖြစ်ပြီး သူတို့ကို ဆီးရီးယား နိုင်ငံ အရှေ့ပိုင်း Deir al-Zor ဒေသက အကြောသေသွားကြတဲ့ ကလေးငယ်အုပ်စု တစ်ခုထဲမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

နောက်ထပ် ကျန်သေးတဲ့ ကလေး ၁၂ ယောက်ရဲ့ အခြေအနေနဲ့ ပတ်သက်လို့လည်း ဓာတ်ခွဲခန်း ရလဒ်တွေကို စောင့်နေဆဲဖြစ်ကြောင်း WHO ကမ္ဘာ့ ကျန်းမာရေး အဖွဲ့က ပြောပါတယ်။

ဒီရောဂါပိုးတွေကို ဆီးရီးယား ပဋိပက္ခမှာ ပါဝင်တိုက်ခိုက်နေသူ တချို့က တခြားနိုင်ငံတွေကနေ သယ်လာကြတာဖြစ်တယ် ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရှိနေပြီး WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ရောဂါပိုးရဲ့ မျိုးရိုးဗီဇကို စစ်ဆေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ