မွတ်ဆလင်ညီနောင် အထင်ကရ ခေါင်းဆောင် ဖမ်းမိ

  • 30 အောက်တိုဘာ 2013
Image caption ဖမ်းဆီးမိလိုက်တဲ့ မွတ်ဆလင် ညီနောင်အဖွဲ့ရဲ့ အထင်ကရ ခေါင်းဆောင် Essam al-Erian

မွတ်ဆလင် ညီနောင်များအဖွဲ့နဲ့ ပတ်သက်ပြီး ဖမ်းဆီး အရေးယူမှုတွေ ပြုလုပ်နေတဲ့ အီဂျစ် အာဏာပိုင်တွေဟာ ဒီအဖွဲ့ရဲ့ နိုင်ငံရေးပိုင်း ဆိုင်ရာ ခေါင်းဆောင်ဖြစ်သူ ဝရမ်းပြေး အက်ဆန် အဲလ် အေရီယန်ကို ဖမ်းဆီး ထိန်းသိမ်းလိုက်ပြီ ဖြစ်ပါတယ်။

သူဟာ အစ္စလာမစ် လှုပ်ရှားမှုတွေအတွက် လူသိများတဲ့ အထင်ကရ ခေါင်းဆောင် တစ်ဦး ဖြစ်ပါတယ်။

လာမယ့် တနင်္လာနေ့မှာတော့ သူနဲ့အတူ ရာထူးက ဖြုတ်ချခံခဲ့ရတဲ့ သမ္မတ မိုဟာမက် မော်စီ အပါအဝင် တခြားသော မွတ်ဆလင် ညီနောင်များအဖွဲ့က အရာရှိတွေကို ရုံးထုတ်မယ်လို့ မျှော်လင့်ရပါတယ်။

သူတို့တတွေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက ဖြစ်ပွားခဲ့တဲ့ ရုန်းရင်းဆန်ခတ်မှုတွေ အတွင်း ဆန္ဒပြသူ ၁၀ ဦး သေဆုံးအောင် သွေးထိုး လှုံ့ဆော်ခဲ့မှုနဲ့ စွဲချက်တင်ထားပါတယ်။

အခု အီဂျစ်အစိုးရဟာ မွတ်ဆလင် ညီနောင်များအဖွဲ့ကို တရားမဝင်ကြောင်း ကြေညာလိုက်ပြီး ဇူလိုင်လက မစ္စတာ မော်ဆီကို ဖြုတ်ချပြီးကတည်းက ဒီ ညီနောင်အဖွဲ့ဝင်တွေကို ဖမ်းဆီးနေတာ ဖြစ်ပါတယ်။

ဒီအဖွဲ့ရဲ့ ထိပ်တန်း ခေါင်းဆောင်တွေ အပါအဝင် အဖွဲ့ဝင် ၂၀၀၀ လောက်ကို ထောင်ချထားပြီးလည်း ဖြစ်ပါတယ်။