ဂျီ ၂၀ မှာ ထောက်လှမ်းမှု ရုရှား ငြင်းဆို

  • 30 အောက်တိုဘာ 2013
Image caption ဂျီ ၂၀ အစည်းအဝေး တက်ရောက်သည့် ခေါင်းဆောင်များ။

ရုရှားနိုင်ငံမှာ ပြီးခဲ့တဲ့ လက ကျင်းပခဲ့တဲ့ ဂျီ ၂၀ ထိပ်သီး ညီလာခံကို တက်ရောက်ခဲ့တဲ့ ကိုယ်စားလှယ်တွေ အပေါ် ရုရှားကနေ လျှို့ဝှက် ထောက်လှမ်းမှုတွေ လုပ်ခဲ့တယ် ဆိုတဲ့ သတင်းကို ရုရှားသမ္မတ ပူတင်ရဲ့ ပြောခွင့်ရသူ ဒီမီထရီ ပက်စကို့ဗ်က မဟုတ်ကြောင်း ငြင်းဆိုလိုက်ပါတယ်။

အခုလို ထောက်လှမ်းမှုတွေ လုပ်ခဲ့တယ်လို့ အီတလီ နိုင်ငံထုတ် သတင်းစာတွေမှာ ဖော်ပြထားတာဟာ မဟုတ်မှန်ကြောင်း မစ္စတာ ပက်စကို့ဗ်က ပြောပါတယ်။

နောက်ပြီး ဒါဟာ အမေရိကန်တို့ရဲ့ မဟာမိတ် ဥရောပ နိုင်ငံတွေအပေါ် လျှို့ဝှက်ထောက်လှမ်းမှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲမှုတွေကို နိုင်ငံတကာက အာရုံပြောင်းသွားစေဖို့ ကြိုးပမ်းချက်တစ်ခု ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

အီတလီ သတင်းတွေအရ အစည်းအဝေးတက်လာတဲ့ ကိုယ်စားလှယ်တွေကို ပေးခဲ့တဲ့ USB Memory Sticks တွေနဲ့ တယ်လီဖုန်း ဘက်ထရီအားသွင်းတဲ့ ကြိုးတွေမှာ လျှို့ဝှက် အသံဖမ်း ကိရိယာတွေ တပ်ထားတယ်လို့ ဆိုပါတယ်။

အခုလို တပ်ဆင်ထားတယ်ဆိုတာကို ဂျာမန် လုံခြုံရေး အရာရှိတွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ