ပြင်သစ် သမ္မတတွေရဲ့ စားတော်ဆက်

  • 31 အောက်တိုဘာ 2013
hollande
Image caption အစားအသောက် ဝါသနာအိုး သမ္မတ အော်လန်း

ပြင်သစ် သမ္မတ နန်းတော်ရဲ့ စားဖိုမှူးကြီး က သမ္မတ အဆက်ဆက်ရဲ့ စားဓလေ့ လျှို့ဝှက်ချက် တွေကို သူ ပင်စင်ယူချိန်မှာ ဖွင့်ချ လိုက်ပါပြီ။

သမ္မတ ဟောင်း Jacques Chirac ဟာ နွားခေါင်းလို ဖွယ်ဖွယ်ရာရာ ဟင်းလျာ တွေကို တပ်မက်သူ ဖြစ်ပြီး အရင် သမ္မတ ဆာကိုဇီ ကတော့ ဒိန်ခဲကို မနှစ်ခြိုက်ဘူး လို့ သိရပါတယ်။

လက်ရှိ သမ္မတ အော်လန်း ကတော့ အစားအသောက် ဟူသမျှ နှစ်ခြိုက် ခုံမင်သူသာ ဖြစ်တယ်လို့ သမ္မတ အဆက်ဆက် နှစ် ၄ဝ တိုင်အောင် ချက်ပြုတ် လာခဲ့တဲ့ Bernard Vaussion က ဆိုပါတယ်။

မစ္စတာ အော်လန်းရဲ့ ခါးအတိုင်း ကျယ်လာတာ ကလည်း ပြင်သစ် သတင်းစာ တွေမှာ ပြောစရာ ဖြစ်နေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ