သရေစာနဲ့ အချိုရည် မက္ကဆီကို အခွန်တပ်

  • 1 နိုဝင်ဘာ 2013
junk food
Image caption အလွယ်ရ အစာတွေကြောင့် ကိုယ်အလေးချိန်တက်

မက္ကဆီကို ကွန်ဂရက် လွှတ်တော်က အခွန်ငွေ တိုးရဖို့ အတွက် အာဟာရ မဖြစ်တဲ့ သရေစာ တွေနဲ့ အချိုရည် တွေကို အခွန်သစ်တွေ ကောက်ဖို့ ပြဋ္ဌာန်း လိုက်ပါတယ်။

ကမ္ဘာပေါ်မှာ အဝလွန်သူ အများဆုံး စံချိန်ကို မက္ကဆီကို က အမေရိကန်ကို ကျော်တက်ပြီး မကြာခင် ကပဲ ရရှိ သွားပါတယ်။

ဝင်ငွေကောင်းသူတွေကို အခွန်တိုးကောက်မယ့် စီမံကိန်း အပါအဝင် သမ္မတ အန်ရစ်ကို ညီယဲတိုးရဲ့ အခွန် ပြုပြင်ရေး စီမံကိန်းတွေ အရ ဒီအခွန်သစ်ကို ကောက်မှာ ဖြစ်သလို ဆီးချိုနဲ့ အဝလွန် ရောဂါ တိုက်ဖျက်မယ့် လှုပ်ရှားမှု နဲ့လည်း ပတ်သက် နေပါတယ်။

ဒီငွေတွေနဲ့ အခြေခံ အဆောက်အအုံတွေ ပြုပြင်မယ်၊ လူမှု ဖူလုံရေး အတွက် ထောက်ပံ့မယ်လို့ မက္ကဆီကို အစိုးရက ပြောပါတယ်။

ဒီလို အခွန်တိုးကောက်ရင် မက္ကဆီကိုရဲ့ နှေးကွေးနေတဲ့ စီးပွားရေးကို ထိခိုက် စေနိုင်တယ် လို့လည်း ဝေဖန် ခံနေရ ပါတယ်။

ဒီဥပဒေကို သမ္မတ လက်မှတ်ထိုးပြီး ထုတ်ပြန်ဖို့ပဲ ကျန်ပါတော့တယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ