ဗဟို အာဖရိက သမ္မတ နိုင်ငံမှာ ဘာသာရေး ပဋိပက္ခ ပြင်းထန်လာ

  • 2 နိုဝင်ဘာ 2013
Image caption ဖြုတ်ချခံရတဲ့ သမ္မတဟောင်း ဖရန်ဆွာ ဘိုဇီဇေ

ဗဟို အာဖရိက သမ္မတ နိုင်ငံမှာ ဘာသာရေး ပဋိပက္ခ ဖြစ်ပွားမှုဟာ အန္တရယ် ကြီးမားလာတဲ့ အခြေအနေကို ဆိုက်လာနေတယ်လို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ကုလသမဂ္ဂ ထိပ်တန်း အရာရှိတွေက သတိပေးလိုက်ပါတယ်။

မွတ်ဆလင်နဲ့ ခရစ်ယာန် အသိုင်းအဝိုင်းတွေဟာ တဖက်နဲ့ တဖက် သတ်ဖြတ်တော့မလို ဖြစ်နေကြတယ်လို့ ကုလသမဂ္ဂရဲ့ လူမျိုးတုန်း သတ်ဖြတ်မှု ကာကွယ် တာဆီးရေး ဆိုင်ရာ အထူး အကြံပေး ပုဂ္ဂိုလ် Adama Dieng က ပြောပါတယ်။

တကယ်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ကြားဝင်ဆောင်ရွက်မှု မလုပ်ခဲ့ရင် လူမျိုးတုန်း သတ်ဖြတ်မှုတွေကို သူ့အနေနဲ့ ဟန့်တား ကာကွယ်နိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဗဟို အာဖရိက သမ္မတ နိုင်ငံမှာ ပြီးခဲ့တဲ့ မတ်လတုန်းက သမ္မတ Francois Bozize ကို သူပုန်တွေက ဖယ်ရှားခဲ့ပြီး ကတည်းက အခြေအနေတွေ ထိန်းမနိုင် သိမ်းမရ ဖြစ်လာနေပြီး အာဖရိက သမဂ္ဂက ငြိမ်းချမ်းရေး တပ်ဖွဲ့ဝင် သုံးထောင့် ခြောက်ရာ လောက်ချဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။