အမေရိကန် ထောက်လှမ်းမှု ဘောင်ကျော်နေ

  • 1 နိုဝင်ဘာ 2013
Image caption ဝါရှင်တန်ရဲ့ အဆင့်မြင့်ဆုံး အရာရှိအနေနဲ့ မစ္စတာ ကယ်ရီက အမေရိကန်ရဲ့ သဘောထား ကို ပြောဆိုခဲ့

အမေရိကန် ထောက်လှမ်းရေး အေဂျင်စီရဲ့ လျော်ကန်မှု မရှိတဲ့ ဆောင်ရွက် မှုတွေ နဲ့ ပတ်သက်ပြီး အဆုံးသတ် စေဖို့ အတွက် သမ္မတ အိုဘားမားနဲ့ အတူ တိုင်ပင် လုပ်ဆောင် သွားမယ် လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ကတိပြု လိုက်ပါတယ်။

လန်ဒန်မြို့ ညီလာခံ တခုကို ဗီဒီယို ကနေ တဆင့် စကား ပြောကြား ရာမှာ၊ မစ္စတာ ကယ်ရီက အမေရိကန် ထောက်လှမ်း မှုတွေဟာ တချို့ ကိစ္စရပ် တွေမှာ အရမ်းကို ဘောင်ကျော် လုပ်ဆောင် မှုတွေ ရှိခဲ့တယ်လို့ ဝန်ခံ ပြောကြား သွားပါတယ်။

အမေရိကန် ထောက်လှမ်းရေးဟာ မိတ်ဆွေ အစိုးရ ခေါင်းဆောင်တွေကို လျှို့ဝှက် ထောက်လှမ်းမှုတွေ လုပ်တယ် ဆိုတဲ့ စွပ်စွဲ ချက်တွေ အတွက်၊ ဝါရှင်တန်ရဲ့ အဆင့် အမြင့်ဆုံး အရာရှိ အနေနဲ့ မစ္စတာ ကယ်ရီဟာ အမေရိကန်ရဲ့ သဘောထားကို တိုက်ရိုက် ပြောဆို သွားတာ ဖြစ်ပါတယ်။

ဒါပေမယ့်လို့ စောင့်ကြည့်မှုတွေ တိုးမြှင့် လုပ်ဆောင်ရေး အတွက် ကိုတော့ မစ္စတာ ကယ်ရီက ကာကွယ် ပြောကြားသွား ပါတယ်။ အကြောင်း ကတော့ အကြမ်းဖက် တိုက်ခိုက် မှုတွေကို ကာကွယ် တားဆီးဖို့ အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ