တာလီဘန် ခေါင်းဆောင်သေလို့ ဆွေးနွေးပွဲ ပျက်စီး

  • 2 နိုဝင်ဘာ 2013
Image caption ဟာကီမူလာမက်ဆု သေဆုံးခဲ့လို့ စစ်သွေးကြွ တွေနဲ့ စကားပြောဖို့ အစိုးရရဲ့ ကြိုးပမ်းချက် ပျက်စီး

အမေရိကန်တို့ရဲ့ မောင်းသူ မလိုတဲ့ လေယာဉ်နဲ့ တိုက်ခိုက် ခဲ့တာလို့ ယူဆ ရတဲ့ တိုက်ခိုက်မှု တခု အတွင်း ပါကစ္စတန် တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ တာကြောင့် ပြန်ပြီး ကလဲ့ စားချေ တိုက်ခိုက် မှုတွေ လုပ်လာ နိုင်တဲ့ အတွက် ပါကစ္စတန် အစိုးရ ကနေ နိုင်ငံ တဝန်း လုံခြုံရေး ကို အဆင့်မြင့် တပ်လှန့် ထားပါ တယ်။

ပါကစ္စတန်က တာလီဘန် ခေါင်းဆောင် သေဆုံး သွားခဲ့ ရတဲ့ အခုလို ဒရုံးနဲ့ တိုက်ခိုက်မှု အပေါ် ပါကစ္စတန် အစိုးရက ဒေါသတကြီး တုံ့ပြန် ပြောဆို လိုက်ပါ တယ်။

တာလီဘန် ခေါင်းဆောင် ဟာကီမူလာ မက်ဆု သေဆုံး သွားတဲ့ အတွက် စစ်သွေး ကြွတွေနဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ အစိုးရရဲ့ ကြိုးပမ်းချက် တွေကို ဖျက်ဆီး ပစ်လိုက်တာ ဖြစ်တယ်လို့ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီးက ပြောပါတယ်။

တခြား အရာရှိတွေ ကလည်း သူတို့ အနေနဲ့ စေ့စပ် ဆွေးနွေး မှုတွေ လုပ်ဖို့ သံန္နိဌာန် ချထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါကစ္စတန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ဟာ မြောက်ပိုင်း ဝါဇီ ရစ္စတန်မှာ တာလီဘန် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့ စီစဉ်ထားတဲ့ အချိန် မတိုင်ခင် တရက် အလိုမှာ အလို တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။

အခုတော့ စစ်သွေးကြွတွေဟာ နောက်ထပ် ခေါင်းဆောင် တဦးကို ရွေးချယ် နေကြတယ်လို့ သတင်းတွေ ထွက်နေပြီး ခေါင်းဆောင်သစ် ဘယ်သူ ဖြစ်လာ မလဲ ဆိုတာ ကတော့ ရှင်းရှင်း လင်းလင်း မသိရ သေးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ