ရုရှားနဲ့ ဂျပန် စစ်တပ်ချင်း ပူပေါင်းဆောင်ရွယ်မယ်

  • 2 နိုဝင်ဘာ 2013
Image caption ဂျပန်နဲ့ ရုရှား ၂ နိုင်ငံ စလုံးဟာ ဒေသတွင်း ငြိမ်းချမ်းရေး အတွက် အဓိက ကျတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်

ဂျပန် နဲ့ ရုရှား နိုင်ငံ အကြား စစ်တပ် အချင်းချင်း ပူပေါင်း ဆောင်ရွက်ဖို့ အတွက် သဘောတူ လိုက်ကြပြီ ဖြစ်ပါတယ်။

တိုကျိုမှာ ပြုလုပ်တဲ့ နှစ်နိုင်ငံ ဆွေးနွေးပွဲ အပြီး အခုလို သဘောတူ ခဲ့ကြတာ ဖြစ်ကာ အရှေ့အာရှမှာ ငြိမ်းချမ်းရေး ဆက်လက်တည်မြဲစေဖို့ အထောက် အကူ ပြုမှာ ဖြစ်တယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးက ဖူမီယို ကီရှီဒါက ပြောပါတယ်။

အရှေ့ အာရှ မှာက ဂျပန်နဲ့ ရုရှား ၂ နိုင်ငံ စလုံးဟာ ဒေသတွင်း ငြိမ်းချမ်းရေး အတွက် အဓိက ကျတဲ့ နိုင်ငံတွေ ဖြစ်ကြပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ရို့ဗ် ကတော့ အခုလို စစ်တပ် အချင်းချင်း ပူပေါင်း ဆောင်ရွက်မှုဟာ ဂျပန်ရဲ့ လက်ရှိ အမေရိကန်နဲ့ ဆက်ဆံရေးကို ထိခိုက် စေမှာ မဟုတ်ဘူးလို့ ပြောပါ တယ်။

မော်စကိုဟာ အာရှ ဒေသမှာ ကုန်သွယ်ရေး ဆက်ဆံ မှုတွေကို တိုးချဲ့ ဆောင်ရွက်နေ တာ ဖြစ်ပြီး၊ ဂျပန်နဲ့ နီးနီး ကပ်ကပ် ရှိဖို့ကို ကြိုးပမ်း ဆောင်ရွက် နေတာ ဖြစ်ကြောင်း သတင်းထောက် တွေက ပြောပါတယ်။

ဒါဟာ တရုတ် တို့ရဲ့ သြဇာ ကြီးထွား လာမှုကို ထိန်းညှိတဲ့ သဘောမျိုးလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ