ဂျူးအခြေချ အိမ်ယာ တထောင့် ခုနှစ်ရာကျော် ထပ်ဆောက်မယ်

  • 4 နိုဝင်ဘာ 2013
Image caption စီမံကိန်း ရပ်တန့်ဖို့ ဘယ်တုန်းကမှ ကတိမပေးခဲ့ ဖူးဘူးလို့ ဆိုတဲ့ အစ္စရေး ဝန်ကြီးချုပ် နက်တန်ရာဟူး

အစ္စရေးဟာ အနောက်ဖက်ကမ်းနဲ့ အရှေ့ ဂျေရုဆလင် တို့မှာ ဂျူးအခြေချ အိမ်ယာ တထောင့် ခုနှစ်ရာကျော် ထပ် ဆောက်လုပ်မယ့် အစီအစဉ်ကို ကြေညာခဲ့ပါတယ်။

အမေရိကန်က ဆန့်ကျင်တဲ့ ဂျူးအခြေချ အိမ်ယာသစ် ဆက်ဆောက်မယ့် ဆုံးဖြတ်ချက်ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ ဒေသတွင်း ရောက်မလာခင် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ပါလက်စတိုင်း အာဏာပိုင်တွေကတော့ ဒီကိစ္စကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ထံမှာ တင်ပြမယ်လို့ ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

ဒါပေမယ့် အစ္စရေး ဝန်ကြီးချုပ် ဘန်ဂျမန် နက်တန်ရာဟူးက သူ့အနေနဲ့ ဆွေးနွေးပွဲတွေမှာ ဒီဂျူးအခြေချ အိမ်ယာ စီမံကိန်း ဆောက်လုပ်မယ့် အစီအစဉ် ရပ်ထားဖို့ ဘယ်တုန်းကမှ ကတိမပေးခဲ့ဖူးဘူးလို့ ဆိုပါတယ်။