Garry Kasparov လက်ဗီယားမှာ ခိုလှုံခွင့် တောင်း

  • 6 နိုဝင်ဘာ 2013
Image caption စစ်တုရင်ချန်ပီယံဟောင်း Garry Kasparov

ရုရှားက စစ်တုရင် ချန်ပီယံဟောင်း Garry Kasparov လက်ဗီယား နိုင်ငံမှာ ခိုလှုံခွင့် တောင်းခံခဲ့ပါတယ်။

သူက လက်ဗီယား နိုင်ငံရေး သမားတွေဆီ ရေးပို့ခဲ့တဲ့ စာတစောင်ထဲမှာ

လက်ဗီယား နိုင်ငံသား အဖြစ်ခံယူခွင့် ရနိုင်မယ် ဆိုရင် သူ့အနေနဲ့ နိုင်ငံရေး ကိစ္စတွေကို ဆက်လက်ဆောင်ရွက်နိုင်မှာပါ ၊ ရုရှားနဲ့ တခြား နိုင်ငံတွေမှာ ဆိုရင် ဒါမျိုး ကိစ္စတွေ လုပ်ဆောင်ခွင့် ပေးမထားလို့ပါလို့ စာထဲမှာ ဖော်ပြထားပါတယ်။

မစ္စတာ ကတ်စပါရော့ဟာ သမ္မတ ပူတင်ကို ပြင်းပြင်းထန်ထန် ဝေဖန်သူတယောက် ဖြစ်ပြီး လက်ရှိ နယူးယောက်မြို့မှာ သူ့သဘောနဲ့ သူ သွားရောက် နေထိုင်နေတာ ဖြစ်ပါတယ်။