နိုင်ငံတကာ ဘောလုံးညီလာခံ ကျင်းပမယ့် အစီအစဉ်ကို ဖျက်သိမ်း

  • 6 နိုဝင်ဘာ 2013
Image caption Soccerex တက်ရောက်မယ့် အင်္ဂလန် အသင်း မန်နေဂျာ

ဘရာဇီး နိုင်ငံ ရီယိုဒီ ဂျနဲရိုးမြို့မှာ အခုလ အတွင်း Soccerex နိုင်ငံတကာ ဘောလုံးညီလာခံ ကျင်းပမယ့် အစီအစဉ်ကို အာဏာပိုင်တွေက ဖျက်သိမ်းလိုက်ပါတယ်။

အများပိုင် ငွေကြေး သုံးစွဲမှုက ရှောင်ရှားရအောင် အခုလို ဆုံးဖြတ်ချက် ချလိုက်တာ ဖြစ်တယ်လို့ ပြည်နယ် အစိုးရက ပြောပါတယ်။

ဒါပေမယ့် Soccerex အဖွဲ့ အကြီးအကဲက ကတော့ နိုင်ငံတွင်း ဆက်လက် ဆူပူဆန္ဒပြမှုတွေကို အပြစ်ဖို့ ပြောဆိုထားပါတယ်။

Soccerex ညီလာခံဟာ ကမ္ဘာတလွှားက ထောင်နဲ့ချီတဲ့ ဘောလုံးအသင်း အဖွဲ့တွေက အမှုဆောင် အရာရှိတွေနဲ့ အသင်းမန်နေဂျာတွေ တက်ရောက်ဆွေးနွေးကြတဲ့ ညီလာခံ ဖြစ်ပါတယ်။

အဲဒီ ရီယိုဒီဂျနဲ့ရိုးမြို့မှာ နောက်နှစ် ကမ္ဘာဖလား ဘောလုံးပွဲ ကျင်းပရင် ဆန္ဒပြ ဆူပူမှုတွေက ဘောလုံးကစားပွဲတွေကို အရုပ်ဆိုး အကျည်းတန် စေမှာ မဟုတ်ဘူးလို့ ပွဲ စီစဉ်သူတွေကတော့ ဆိုနေပါတယ်။