ဆီးရီးယား ဒုက္ခသည် ၉.၃ သန်း အကူအညီတွေ လိုအပ်နေ

  • 5 နိုဝင်ဘာ 2013
Image caption ကုလ လူသားချင်း စာနာမှု ဆိုင်ရာအဖွဲ့ အကြီးအကဲ Valerie Amos

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ အဖွဲ့အကြီးအကဲ ဗလာရီ အေးမိုးစ်က ဆီးရီးယား ဒုက္ခသည် ၉.၃ သန်း ဟာ လူမှု ကယ်ဆယ်ရေး အကူအညီတွေ အကြီးအကျယ် လိုအပ်နေတယ်လို့ လုံခြုံရေးကောင်စီ ကို ပြောကြားခဲ့ပါတယ်။

အဲဒီ အရေအတွက်ဟာ ဆီးရီးယား နိုင်ငံရှိ လူဦးရေ စုစုပေါင်းရဲ့ ၄ဝ ရာခိုင်နှုန်း ဖြစ်ပြီး အဲဒီ အထဲက တဝက်ကျော်ကျော်ဟာ ဆီးရီးယား နိုင်ငံတွင်းမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေရပါတယ်။

အခြေအနေတွေက အလျင်အမြန် နဲ့ မလွှဲသာ မရှောင်သာ လောက်အောင် ဆိုးရွားလာနေတယ် ၊ နိုင်ငံအတွင်း ဝိုင်းရံ ပိတ်ဆို့ ခံထားရတဲ့ နေရာတွေ အားလုံးကို လူမှုကယ်ဆယ်ရေး အဖွဲ့တွေကို ဝင်ရောက်ကူညီခွင့် ပေးပါလို့ ဆီးရီးယား အစိုးရကို လုံခြုံရေး ကောင်စီက ဖိအားပေးဖို့ သူက ပန်ကြားလိုက်ပါတယ်။

ဒါ့အပြင် ကူညီထောက်ပံ့မှုတွေ ပေးဝေပြီး အရပ်သားတွေကို ကယ်ထုတ်နိုင်အောင် အကြမ်းဖက် တိုက်ခိုက်မှုတွေကို ရပ်ကြဖို့ ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။