ဥက္ကာပျံ သတိပေး စနစ်လိုအပ်

  • 6 နိုဝင်ဘာ 2013
Chelyabinsk
Image caption Chelyabinsk မြို့ပေါ် ဥက္ကာပျံ ကျရောက်

ဒီနှစ် အစောပိုင်းက ရုရှ နိုင်ငံ မှာ ကျရောက် ခဲ့တဲ့ ဥက္ကာပျံ အစိုင်အခဲ ကြီး လိုမျိုး နောက်ထပ် ကျရောက် နိုင်မယ့် အန္တရာယ် ထင်တာထက် ပိုများ ကြောင်း သိပ္ပံ ပညာရှင် တွေက ပြောကြား လိုက်ပါတယ်။

Chelyabinsk မြို့ပေါ် ကျရောက် ပေါက်ကွဲ ခဲ့တဲ့ ဥက္ကာပျံ လိုမျိုး အိမ်လုံး တမျှ ကြီးမားတဲ့ အာကာသ ထဲက ကျောက်စိုင် ကျောက်ခဲတွေ ကမ္ဘာမြေ လေထု ထဲကို အံ့သြ လောက်အောင် မြန်မြန် ဆန်ဆန် ကျဆင်း လာနေကြ တယ်လို့ သဘာဝ သိပ္ပံ ဂျာနယ်မှာ ပါရှိတဲ့ လေ့လာချက်က ဆိုပါတယ်။

အဲဒိ ဥက္ကာခဲ အများစုက သမုဒ္ဒရာ ထဲနဲ့ အစွန်အဖျား လူမနေတဲ့ ဒေသ တွေပေါ် ကျလို့ ခြေရာခံလို့ မရတာ ဖြစ်ပါတယ်။

ဒီကျောက်ခဲတွေ ဘယ်တော့ ဘယ်နေရာကို ထိမှန် နိုင်တယ်လို့ စောစော တင်ကြို သတိပေး နိုင်တဲ့ စနစ်မျိုး ရှိသင့်ပြီ လို့လည်း ပညာရှင် တွေက ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ