Haiyan တိုင်ဖုန်း မုန်တိုင်း ၀င်နိုင်လို့ လူတွေကို ကယ်ထုတ်

  • 7 နိုဝင်ဘာ 2013
Image caption မုန်တိုင်း ကြိုတင် ကာကွယ်ရေး လူတွေ ကယ်ထုတ်

ပစ္စဖိတ် သမုဒ္ဒရာ အနောက်ဖက် ကမ်းရိုးတမ်းမှာ အခုနှစ်အတွင်း တိုက်ခတ်တဲ့ မုန်တိုင်းတွေထဲမှာ အပြင်းဆုံးလို့ ယူဆနိုင်တဲ့ ဆူပါတိုင်ဖုန်း မုန်တိုင်း တိုက်ခိုက်နိုင်တာကြောင့် ဖိလစ်ပိုင်အာဏာပိုင်တွေဟာ ကြိုတင်ကာကွယ်ရေး ပြင်ဆင်နေကြပါပြီ။

အဆင့်ငါးလို့ သတ်မှတ်ထားတဲ့ အဆိုးရွားဆုံး ဖြစ်တဲ့ Haiyan ဟာ ဖိလစ်ပိုင် အလယ်ပိုင်းနဲ့ တောင်ပိုင်းက ဒေသတွေကို ဝင်ရောက် တိုက်ခိုက်နိုင်တာကြောင့် အပျက်အစီးတွေရှိလာနိုင်ပြီး နက်ဖြန် သောကြာနေ့မှာ မုန်တိုင်းတိုက်ရင် မြေပြိုမှုတွေ ဖြစ်နိုင်တယ်လို့ မှန်းထားကြပါတယ်။

မုန်တိုင်းဝင်နိုင်တဲ့ လမ်းကြောင်းက ရွာတွေကို ကယ်ထုတ်ထားပြီး တချို့ကျောင်းတွေ ရုံးတွေ ပိတ်ထားကာ ငါးဖမ်းလှေတွေကိုလည်း ကမ်းကပ်ထားဖို့ ပန်ကြားထားကြောင်း သိရပါတယ်။