ဗိုလ်ချုပ်ကြီး Musharraf အိမ်အကျယ်ချုပ်က လွတ်မြောက်

  • 7 နိုဝင်ဘာ 2013
Image caption တချိန်က အာဏာရှင် ပါဗက်ဇ် မူရှာရက်ဖ်

ပါကစ္စတန်နိုင်ငံမှာ အိမ်အကျယ်ချုပ်ချခံထားရတဲ့ စစ်အာဏာရှင်ဟောင်း Pervez Musharraf လွတ်မြောက်လာပါပြီ။

ဗိုလ်ချုပ်ကြီးဟောင်း မူရှာရက်ဖ် ဟာ နိုင်ငံတွင်း လွတ်လွတ်လပ်လပ် သွားလာနိုင်ပြီ ဖြစ်ပေမယ့် သူ့လက်ထက်တုန်းက ဖြစ်ခဲ့တဲ့ အမှုတွေ အတွက် နိုင်ငံတွင်းက ထွက်ခွာခွင့် မရှိဘူးလို့ သူ့ရှေ့နေတယောက်က ပြောပါတယ်။

၂ဝဝ၇ ခုနှစ်တုန်းက အစ္စလာမ် မာဘတ်မြို့က ဗလီ တခုကို စစ်တပ်က ဝင်စီးခဲ့မှု နဲ့ ပတ်သက်လို့ မစ္စတာ မူရှာရက်ဖ်ကို တရားရုံးက အာမခံ ပေးခဲ့ပြီး ရက်ပိုင်း အကြာမှာ သူအိမ်အကျယ်ချုပ်က လွတ်လာတာ ဖြစ်ပါတယ်။

သူဟာ ဝန်ကြီးချုပ်ဟောင်း ဘာနစ်ဇာဘူတိုကို လုပ်ကြံမှု ၊ တရားသူကြီးတွေကို ထိန်းသိမ်းထားမှုတွေနဲ့ ပတ်သက်လို့လည်း တရားရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

စစ်တပ်က အာဏာကြီးကြီးမားမားရှိတဲ့ ပါကစ္စတန်မှာ ဗိုလ်ချုပ်ကြီး မူရှာရက်ဖ် ခုနှစ်လကြာ အိမ်အကျယ်ချုပ်ချခံရမှုဟာ မထင်မှတ်ဘဲ ပေါ်ပေါက်လာတဲ့ ကိစ္စတခု ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ