ကိုလံဘို ဓနသဟာယ အစည်းအဝေး အိန္ဒိယ မတက်

  • 10 နိုဝင်ဘာ 2013
sri lanka
Image caption ကိုလံဘို အစည်းအဝေး အတွက် ပြင်ဆင်

သီရိ လင်္ကာမှာ ဒီတပတ် ကျင်းပမယ့် ဗြိတိသျှ ဓန သဟာယ အစည်းအဝေး ကို တက်ရောက်ဖို့ မရှိဘူးလို့ အိန္ဒိယ ဝန်ကြီးချုပ် မန်မိုဟန်ဆင်းက သီရိ လင်္ကာ သမ္မတ မဟိန္ဒရာ ရာဂျပက် ဆီကို စာရေးသား အကြောင်းကြား လိုက်ပါတယ်။

ပြည်တွင်းစစ် အဆုံးသတ် ကာလက တမီလ် သူပုန် တွေ အပေါ် သီရိ လင်္ကာ အစိုးရ တပ်တွေက စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ် ဆိုပြီး ဒီအစည်းအဝေးကို သပိတ်မှောက်ဖို့ အိန္ဒိယ ပြည်တွင်းမှာ ဖိအားပေးမှုတွေ များနေလို့ မစ္စတာ ဆင်း ဒီလို ရေးသား ရတာ ဖြစ်ပါတယ်။

ကနေဒါ ဝန်ကြီးချုပ်က ဒီအစည်းအဝေးကို သပိတ်မှောက် ပြီးနောက် ဒါဟာ ဒုတိယ မြောက် သပိတ်မှောက်တဲ့ နိုင်ငံ ခေါင်းဆောင် ဖြစ်ပါတယ်။

အစည်းအဝေး မတက်လို့ ဘာမှ မထိခိုက် ပါဘူးလို့ သီရိ လင်္ကာ နိုင်ငံခြားရေး ဝန်ကြီး က ဆိုပါတယ်။

ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီး ဝီလျံ ဟိဂ် ကတော့ အစည်းအဝေး ကနေ ရှောင်ဖယ် နေရင် သီရိလင်္ကာ အတွက် အပြောင်းအလဲ ကောင်း တွေ ဖြစ်လာမှာ မဟုတ်ဘဲ ဓနသဟာယ ဆက်ဆံရေး ကိုပဲ ထိခိုက်မှာမို့ တက်ရမှာ ဖြစ်ကြောင်း ပြောဆို သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ