မုန်တိုင်း အသေအပျောက် ဆိုးရွား

  • 10 နိုဝင်ဘာ 2013
Haiyan
Image caption ဆက်သွယ်ရေးနဲ့ အုပ်ချုပ်ရေး အမြန် ပြန်စဖို့ လို

ဟိုင်ယန် မုန်တိုင်းကြောင့် လူ ၄ သန်းကျော် အခြေအနေ ပျက်ပြား ခဲ့ရတဲ့ ဖိလစ်ပိုင် နိုင်ငံ အလယ်ပိုင်းမှာ နိုင်ငံတကာ ကယ်ဆယ်ရေးတွေ အကြီးအကျယ် လုပ်ဆောင်ဖို့ ပြင်ဆင် နေပါတယ်။

မုန်တိုင်းကြောင့် လူထောင်ချီ သေဆုံးနိုင်တယ်လို့ ယူဆ နေကြပြီး တွေ့ရှိရတဲ့ ရုပ်အလောင်း တွေကို လည်း ကျင်းကြီး တွေနဲ့ မြှုပ်နှံ နေကြ ရပါတယ်။

ဖိလစ်ပိုင် စစ်တပ် က စေလွှတ်တဲ့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေ မုန်တိုင်းဒဏ် အဆိုးဆုံး ကြုံရတဲ့ ဒေသတွေကို သွားရောက် နေပြီး အမေရိကန် စစ်လေယာဉ် တွေနဲ့လည်း သွားရောက် ကူညီဖို့ ရှိပါတယ်။

အရေးပေါ် ကယ်ဆယ်ရေး အတွက် ဥရောပ သမဂ္ဂက ဒေါ်လာ ၄ သန်း ထောက်ပံ့ ထားပါတယ်။

ဖိလစ်ပိုင် သမ္မတ Benigno Aquino မုန်တိုင်းသင့် Tacloban မြို့ကို လေယာဉ်နဲ့ ထွက်ခွာ သွားပြီး ဆက်သွယ်ရေးနဲ့ အုပ်ချုပ်ရေး တွေ အမြန် ပြန်စဖို့ အရေးကြီး ကြောင်း ပြောဆိုပါတယ်။

သေဆုံး ပျောက်ဆုံး နေသူ တွေ အတွက် ဝမ်းနည်းရကြောင်း၊ ဒါပေမဲ့ အသက်ရှင် ကျန်ရစ်သူတွေ၊ ထိခိုက် ဒဏ်ရာ ရပြီး စားနပ် ရိက္ခာ အကူအညီ လိုအပ် နေသူတွေ အတွက် အရင် စဉ်းစား ဖို့ လိုကြောင်း မစ္စတာ အကွီနိုက ပြောကြား သွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ