အီရန် နျူကလီးယား ဆွေးနွေးပွဲ သဘောတူညီချက် မရဘဲ ပြီးဆုံး

  • 10 နိုဝင်ဘာ 2013
Image caption ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ဝီလီယံ ဟိတ်ခ် ၊ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဗက်ဇာရိဖ် ၊ ဂျာမန် နိုင်ငံခြားရေး ဝန်ကြီး ဂွီဒို ၀က်စတာဝဲလ် နဲ့ အီးယူ နိုင်ငံခြားရေး မူဝါဒ ဆိုင်ရာ အကြီးအကဲ ကတ်သရင်း အက်ရှတန်

အီရန် နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်လို့ ဂျီနီဗာမြို့မှာ သုံးရက်ကြာ ဆွေးနွေးခဲ့မှုဟာ သဘောတူညီချက် မရဘဲ ပြီးဆုံးသွားပါပြီ။

အီရန်မှာ နျူကလီးယား လက်နက် ပိုင်ဆိုင်မှု မရှိခဲ့ဘူး ဆိုတာကို သေချာစေဖို့ ဦးတည်တဲ့ ထူးခြားတဲ့ တိုးတက်မှုတွေ ရခဲ့ပါတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီက ပြောပါတယ်။

ဒါပေမယ့် သံတမန် နည်းလမ်းနဲ့ ဆောင်ရွက်မှုတွေ အချိန်ယူပြီး လုပ်ဆောင်ရလေ့ ရှိပါတယ်လို့ သူက ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

ဆွေးနွေးပွဲ ရလဒ် အပေါ် သူစိတ်မပျက်ပါဘူး ၊ နောက်ဆက်တွဲ ဆွေးနွေးမှုတွေကနေ သဘောတူညီချက် တခု ချမှတ် နိုင်အောင် တွန်းအားပေးမှုတွေတော့ ရခဲ့ပါတယ်လို့ အီရန် နိုင်ငံခြားရေး ဝန်ကြီး ဂျာဗက် ဇာရစ်ဖ် က ပြောပါတယ်။

ပြင်သစ်က တောင်းဆိုချက်တွေ ဖြစ်တဲ့ ပလူတိုနီယမ် ထုတ်လုပ်တဲ့ စက်ရုံကို ရပ်ဆိုင်းပစ်ဖို့နဲ့ အဆင့်မြင့် ယူရေနီယမ် သန့်စင် ထုတ်လုပ်မှုတွေ အဆင့်လျော့ထုတ်ဖို့ ကိစ္စ တွေကို လိုက်လျောဖို့ အီရန်က ငြင်းဆန်ခဲ့ကြောင်း သတင်းရရှိပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ