ဆီးရီးယား ညီလာခံ တက်ဖို့ အတိုက်အခံ ဆုံးဖြတ်မယ်

  • 11 နိုဝင်ဘာ 2013
Image caption ဇူလိုင် လေးရက်တုန်းက ဆီးရီးယား အတိုက်အခံတွေရဲ့ ညီလာခံ

တူရကီ နိုင်ငံ အစ္စတန်ဘူးလ် မြို့မှာ ဒီနေ့ တနင်္လာ နေ့မှာ ကျင်းပမယ့် ဆီးရီးယား အတိုက်အခံ အမျိုးသား ညွှန့်ပေါင်း အဖွဲ့ ဆွေးနွေးပွဲမှာ စစ်ပွဲ အဆုံးသတ်ဖို့ ရည်ရွယ်တဲ့ ဂျီနီဗာမှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံကို တက်ဖို့ သင့်မသင် ဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။

နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှုကို ထောက်ခံပေမယ့် သမ္မတ ဘတ်ရှား အယ်အာဆက်ဒ်ကို ဆီးရီးယား မြေမှာ လက်ခံမှာမဟုတ်သလို အသွင်ကူးပြောင်းချိန်မှာလည်း သူ့အတွက် နေရာ မရှိဘူးလို့ ညွန်ပေါင်း အဖွဲ့ ပြောခွင့်ရသူက ခါလစ်ဆာလေးက ပြောပါတယ်။

ဒါ့အပြင် ဆီးရီးယား အရေးနဲ့ ပတ်သက်လို့ ငြိမ်းချမ်းတဲ့ နည်းနဲ့ အဖြေရှာသွားဖို့ ခံယူထားပေမယ့် ဒါဟာ အဓိပ္ပါယ်ရှိတဲ့ နည်းလမ်း ဖြစ်ဖို့လိုတယ်လို့ ခါလစ် ဆာလေးက ဆိုပါတယ်။

ဆီးရီးယား အစိုးရကတော့ ဂျီနီဗာ မြို့မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေး ညီလာခံကို တက်ရောက်ဖို့ အကြိုညှိနှိုင်းမှု တစုံတရာကို လက်ခံမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

အဲဒီ ညီလာခံ ဒီလကုန် ကျင်းပနိုင်ဖို့ အမေရိကန်နဲ့ ရုရှား အပါအဝင် နိုင်ငံကြီးတွေက ကြိုးစား နေကြတာ ဖြစ်ပါတယ်။