ကမ္ဘောဒီးယား အလုပ်သမား ဆန္ဒပြပွဲ တစ်ဉီးသေ

  • 12 နိုဝင်ဘာ 2013

ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ဆန္ဒပြနေသူ အထည်ချုပ် အလုပ်သမားတွေနဲ့ ရဲတွေအကြား ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ရာ အနားမှာ ရပ်ကြည့့်နေတဲ့ အမျိုးသမီးတဦး ကျည်ဆံထိမှန် အသက်ဆုံးခဲ့ပြီး လူအတော်များများလည်း ဒဏ်ရာ ရသွားပါတယ်။

ကမ္ဘာ့ နာမည်ကြီး ကုမ္ပဏီကြီးတွေ အတွက် အ၀တ်အထည်တွေ ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ် စက်ရုံ တခုက အလုပ်သမား ရာပေါင်း များစွာဟာ ဝန်ကြီးချုပ် ဟွန်ဆန်း ရဲ့ နေအိမ်ဆီ ချီတက်သွားခဲ့ကြပြီး လုပ်ငန်းခွင် အခြေအနေတွေ ပို တိုးတက် ကောင်းမွန်လာအောင် တောင်းဆို ဆန္ဒပြနေကြချိန်မှာ အခုလို ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ခဲ့တာပါ။

ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက မီးသတ်ပိုက်ကြီးတွေနဲ့ လူစုခွဲခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ကမ္ဘောဒီးယား နိုင်ငံရဲ့ အထည်ချုပ် လုပ်ငန်းမှာ အလုပ်သမား သိန်းပေါင်းများစွာ လုပ်ကိုင်နေကြပြီး ဒီလုပ်ငန်းဟာ နိုင်ငံရဲ့ အကြီးဆုံး ထုတ်ကုန် ဝင်ငွေ ရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ