အီဂျစ်မှာ ညမထွက်ရ အမိန့် ရုပ်သိမ်း

  • 13 နိုဝင်ဘာ 2013
Image caption ကာဖျူး ရုတ်သိမ်းပေမယ့် လုံခြုံရေး တင်းကျပ်

အီဂျစ်နိုင်ငံမှာ လွန်ခဲ့တဲ့ သုံးလလောက်တုန်းက သမ္မတ မော်စီရာထူးက ဖယ်ရှားခံရတာကို မကျေနပ်လို့ ဆန္ဒပြမှုတွေကြောင့် ပြဌာန်းခဲ့တဲ့ ညမထွက်ရ အမိန့်ကို ပြန်ရုပ်သိမ်းမယ်လို့ အစိုးရက ပြောပါတယ်။

ညမထွက်ရအမိန့် သက်တမ်း ကုန်ဆုံးဖို့ နှစ်ရက်အလိုမှာ တရားရုံးက အမိန့်ထုတ်ပြန်ခဲ့ပြီးတဲ့နောက် အစိုးရရဲ့ ကာဖျူးရုပ်သိမ်းကြောင်း ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခုလို လုပ်ဆောင်လိုက်ပေမယ့် အီဂျစ် နိုင်ငံမှာ လွတ်လပ်မှုတွေ ပိုမိုရရှိလာတာ မဟုတ်လဲ လမ်းတွေပေါ်မှာ လုံခြုံရေး တပ်ဖွဲ့တွေ ချထားပြီး လူစုလူဝေး ဆန္ဒပြမှုတွေကို တားမြစ်နိုင်အောင် အခု သီတင်းပတ် အတွင်း အစိုးရက ဥပဒေသစ် တရပ်ပြဌာန်းလိမ့်မယ်လို့ ယူဆရကြောင်း ဘီဘီစီ သတင်းထောက် တယောက်က ပြောပါတယ်။