ချမ်းသာတဲ့ သူတွေကို ဥရောပတိုင်းပြည်တွေမှာ နိုင်ငံသားဖြစ်ခွင့်ထုတ်ပေး

  • 15 နိုဝင်ဘာ 2013
Image caption အီးယူ ပါ့စ်ပို့ ကို တွေ့မြင်ရပုံ

ချမ်းသာတဲ့ ငွေကြေးရင်းနှီးမြုပ်နှံသူတွေကို အလွယ်တကူ နိုင်ငံသား ဖြစ်ခွင့် ထုတ်ပေးမယ့် ဥရောပ နိုင်ငံ အစိုးရတွေရဲ့ အစီအစဉ်ကို ဘယ်သူကမှာ တားဆီးပိုင်ခွင့် မရှိဘူးလို့ ဥရောပ ကော်မရှင်က ပြောကြားလိုက်ပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်းက မော်လတာ နိုင်ငံက ချမ်းသာတဲ့ နိုင်ငံခြားသားတွေ သူတို့ဆီမှာ လာရောက် ရင်းနှီးမြုပ်နှံတဲ့ အခါ နိုင်ငံသား ဖြစ်ပိုင်ခွင့် အလျင်အမြန် ထုတ်ပေမယ့် အစီအစဉ်ကို ကမ်းလှမ်းဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

မော်လတာ နိုင်ငံကူး လက်မှတ်တခု ရဖို့ အတွက် ဒေါ်လာ ကိုးထောင်နီးပါး ကုန်ကျမှာ ဖြစ်ပါတယ်။

ဟန်ဂေရီ ၊ စပိန်နဲ့ တခြား ဥရောပ နိုင်ငံတွေကလည်း ချမ်းသာတဲ့ နိုင်ငံခြားသားတွေကို သူတို့ဆီမှာ အမြဲတမ်း နေထိုင်ခွင့် ဗီဇာ ဒါမှမဟုတ် နိုင်ငံသား ဖြစ်ခွင့်တွေ အလွယ်တကူ ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ထုတ်ပေးခဲ့ရသူတွေထဲမှာ တရုတ် နိုင်ငံက ရင်းနှီးမြုပ်နှံသူတွေလည်း အဓိက ပါဝင်ပါတယ်။