သီရိလင်္ကာမှာ စစ်ရာဇဝတ်မှု စစ်ဆေးဖို့ တောင်းဆို

  • 16 နိုဝင်ဘာ 2013
Image caption သောကြာနေ့ တုန်းက တမီလ်း လူမျိုးတွေ အခြေစိုက် ခဲ့တဲ့ ဂျက်ဖနာ ဒေသကို သွားခဲ့

ဗြိတိန် ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက သီရိလင်္ကာ နိုင်ငံ ပြည်တွင်းစစ် နောက်ဆုံး အဆင့် တိုက်ခိုက်မှု တွေအတွင်း စစ်ရာဇဝတ် မှုတွေ ကျူးလွန် ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ နိုင်ငံ တကာ စုံစမ်း စစ်ဆေးမှုတွေ လုပ်ဖို့ တောင်းဆို လိုက်တာကို သီရိလင်္ကာ စီးပွား ဖွံ့ဖြိုး ရေး ဝန်ကြီး က ပယ်ချလိုက် ပါတယ်။

သမ္မတ မက်ဟင်ဒါ ရာဂျာပက်ဆာ ရဲ့ ညီအကို တော်သူ စီးပွား ဖွံ့ဖြိုးရေး ဝန်ကြီး ဘဆီးလ် ရာဂျာပက်ဆာ က သတင်းထောက် တွေကို ပြောကြား ရာမှာ အခုလို စုံစမ်း စစ်ဆေး မှုတွေ လုပ်ဖို့ကို လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဝန်ကြီးချုပ် ကင်မရွန်း ကတော့ ၂၀၀၉ ခုနှစ် တုန်းက တမီလ်ကျား သူပုန်တွေကို နှိမ်နှင်း တိုက်ခိုက် ခဲ့စဉ်၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် တွေကို စုံစမ်း စစ်ဆေးဖို့ သူ့ရဲ့ တိုက်တွန်းချက်ကို သီရီလင်္ကာ အစိုးရက နားမထောင်ရင် ကုလသမဂ္ဂက တဆင့် စုံစမ်း စစ်ဆေးဖို့ တိုက်တွန်း ရလိမ့် မယ်လို့ ပြောနေ ပါတယ်။

သူဟာ ဓနသဟာယ အဖွဲ့ဝင် နိုင်ငံတွေရဲ့ အစည်းဝေးကို တက်ဖို့ သီရိလင်္ကာမှာ ရောက်နေတာ ဖြစ်ပြီး၊ သောကြာနေ့ တုန်းက တမီလ်း လူမျိုးတွေ အခြေစိုက် ခဲ့တဲ့ ဂျက်ဖနာ ဒေသကို သွားခဲ့ အပြီးမှာ သီရိလင်္ကာ သမ္မတနဲ့လည်း တွေ့ခဲ့ပါသေး တယ်။

အဲဒီ အစည်းဝေးဟာ တော်တော်လေး ခက်ခဲတဲ့ တွေ့ဆုံမှု ဖြစ်လိမ့်မယ်လို့ ဘီဘီစီ နိုင်ငံရေး အယ်ဒီတာ နစ်ရော်ဘင်ဆန်က သုံးသပ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ