နိုင်ဂျီးရီယားနဲ့ အိုင်ဗရီကိုးစ် ကမ္ဘာဖလား ခြေစစ်ပွဲအောင်

  • 17 နိုဝင်ဘာ 2013
Image caption အိုင်ဗရီကိုးစ် ကစားသမား Cedric ( ဘယ်)ခြေစွမ်းပြ

နိုင်ဂျီးရီးယား နဲ့ အိုင်ဗရီကိုးစ် တို့ဟာ အာဖရိက နိုင်ငံတွေထဲက ပထမဆုံး ၂ဝ၁၄ ကမ္ဘာဖလား ဘောလုံး ခြေစစ်ပွဲ အောင်သွားတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

နိုင်ဂျီးရီးယားက အီသီယိုပီးယား ဘောလုံး အသင်းကို နှစ်ပွဲပေါင်း လေးဂိုး တဂိုးနဲ့ အနိုင်ရခဲ့သလို အိုင်ဗရီကိုးစ် အသင်းကလည်း ဆီနီဂေါလ် ကို နှစ်ပွဲပေါင်း လေးဂိုး နှစ်ဂိုးနဲ့ နိုင်ခဲ့ပါတယ်။

မနေ့က ကစားခဲ့တဲ့ အိုင်ဗရီကိုးစ် နဲ့ ဆီနီဂေါလ် တို့ ဒုတိယူ အကျော့ပွဲဟာ အကြိတ်အနယ် ရှိလှပါတယ်။

အိုင်ဗရီကိုးစ် အသင်းဟာ ဒီနှစ်နဲ့ ဆိုရင် ကမ္ဘာဖလား ခြေစစ်ပွဲ အောင်တာ သုံးကြိမ် ရှိသွားပြီ ဖြစ်ပါတယ်။