ရက်ရွေ့ပြီးမှ ကျင်းပတဲ့ မော်လဒိုက် ရွေးကောက်ပွဲ အတိုက်အခံ ရှုံးနိမ့်သွား

  • 17 နိုဝင်ဘာ 2013
Image caption အတိုက်အခံ ခေါင်းဆောင် မိုဟာမက် နာရှိဒ်

မော်လဒိုက် နိုင်ငံမှာ သုံးကြိမ်တိုင် ဖျက်သိမ်းခဲ့ဖူးပြီး အစောပိုင်းတုန်းကလည်း ရွေ့ဆိုင်းထားခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ အတိုက်အခံ ခေါင်းဆောင် Mohammed Nasheed က သူရှုံးနိမ့်ကြောင်း အသိအမှတ်ပြု ပြောကြားလိုက်ပါတယ်။

ကနဦး ရလဒ်တွေ အရ တိုင်းပြည်ကို နှစ်သုံးဆယ်ကျော် အုပ်ချုပ်ခဲ့တဲ့ Maumoon Abdul Gayoom ရဲ့ ညီအကို ဝမ်းကွဲ တော်စပ်သူ Abdulla Yameen က အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

မစ္စတာ နာရှိဒ် ဟာ ပထမ အကျော့ ရွေးကောက်ပွဲမှာ အပြတ်အသက် အနိုင်ရခဲ့တာ ဖြစ်ပေမယ့် ဒုတိယ အဆင့် ရွေးကောက်ပွဲကို ရွေ့ဆိုင်းထားချိန်မှာ မစ္စတာ ရာမင်းက တခြား နိုင်ငံရေး ပါတီတွေရဲ့ ထောက်ခံမှုကို ရယူခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် ဒုတိယ အကြိမ် သမ္မတ ရွေးကောက်ပွဲမှာ ပွတ်ကာသီကာ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။