ဓနသဟာယ အစည်းအဝေး အပြီးသတ်

  • 17 နိုဝင်ဘာ 2013
mahinda
Image caption နိုင်ငံသား အားလုံးကို စောင့်ရှောက်ရမယ့် တာဝန်ရှိတယ်လို့ မဟိန္ဒရာဆို

သီရိလင်္ကာ မြို့တော် ကိုလံဘိုမှာ ကျင်းပတဲ့ ဓနသဟာယ အစည်းအဝေးမှာ သီရိလင်္ကာ စစ်တပ် အပေါ် စွပ်စွဲထားတဲ့ စစ်ရာဇဝတ်မှုတွေ အကြောင်း မပါရှိဘဲ ကြေညာချက် ထုတ်ပြန် ခဲ့ပါတယ်။

ဓနသဟာယ ရဲ့ စံနှုန်းတွေ ဖြစ်တဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီကို လိုက်နာကြဖို့ အစည်းအဝေး ကြေညာ ချက်မှာ တိုက်တွန်း ထားပါတယ်။

သီရိလင်္ကာ သမ္မတ မဟိန္ဒရာ ရာဂျပက်ဆီကလည်း ပြည်တွင်းစစ်က နလံထူနိုင်ဖို့ အချိန် အများကြီး ယူရမယ်လို့ ဆိုပါတယ်။

အစည်းအဝေး မကျင်းပခင် လတွေ ကတည်းက ကိုလံဘိုမှာ ကျင်းပဖို့ ရွေးချယ်မှု ကို ကန့်ကွက် သပိတ် မှောက် ခဲ့ကြပြီး အစည်းအဝေး တက်ရောက်တဲ့ ဗြိတိသျှ ဝန်ကြီးချုပ် ကင်မရွန်း ကိုလည်း အထူး ဝေဖန် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ