ပဲရစ်မြို့မှာ ပစ်ခတ်မှု ထပ်မံဖြစ်ပွား

  • 18 နိုဝင်ဘာ 2013
Image caption သံသယရှိသူ သေနတ် သမားရဲ့ နောက်ကို ရဟတ်ယာဉ် တစင်းနဲ့ ခြေရာခံ လိုက်နေ

ပြင်သစ် နိုင်ငံ ပဲရစ် မြို့မှာ သတင်း သမား တွေကို ၄ ရက် အတွင်း ဒုတိယ အကြိမ် သေနတ်နဲ့ ထပ်မံ တိုက်ခိုက်မှု တခု ဖြစ်ပွား ခဲ့တဲ့ နောက် လက်နက် ကိုင် ရဲတပ်ဖွဲ့တွေကို အဓိက သတင်းစာတိုက် တခု အပြင်မှာ ချထား လိုက်ပြီး ကမ္ဘာကျော် ရှမ်ဇီလေဇီ လမ်းမကြီး အပေါ်မှာ လုံခြုံရေး ရဟတ်ယာဉ် တွေလည်း ဝဲပျံနေပါတယ်။

ပဲရစ် မြို့လယ်က သတင်းစာတိုက် တခုမှာ အမျိုးသား တဦးကို သေနတ်နဲ့ ပစ်ခတ်သွားတဲ့ လူလို့ သံသယရှိသူ သေနတ် သမားရဲ့ နောက်ကို ရဟတ်ယာဉ် တစင်းနဲ့ ခြေရာခံ လိုက် နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

လစ်ဘရေးရှင်း လို့ခေါ်တဲ့ ပြင်သစ် သတင်းစာတိုက်ရဲ့ ဧည့်ကြို နေရာမှာ လက်ထောက် ဓာတ်ပုံဆရာ တဦးကို တနင်္လာနေ့ မနက် ပိုင်းမှာ ပစ်ခတ် သွားတာ ဖြစ်ကြောင်း သတင်းစာ တိုက်ရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ဖရန်ဆွာ ဆာဂျက်က ပြောပါတယ်။

တခါ ၂ နာရီလောက် အကြာမှာပဲ နောက်ထပ် သေနတ် သမား တဦးဟာ ပဲရစ် အနောက်ဘက်က ပြင်သစ် ဘဏ်ကြီး တခုဖြစ်တဲ့ Societe Genereale ဘဏ်ရုံးချုပ် အရှေ့မှာ ပစ်ခတ်ခဲ့ ပြန်ပါတယ်။

အခု ပစ်ခတ်မှုဟာ ပြီးခဲ့တဲ့ သောကြာ နေ့က ပြင်သစ် ရုပ်သံ ဌာနဖြစ်တဲ့ BFMTV က ဝန်ထမ်းတွေကို ခြိမ်းခြောက် ခဲ့တဲ့ သေနတ် သမားနဲ့ ပတ်သက်မှု ရှိမရှိ ဆိုတာ ကိုတော့ မသိရသေးပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ