ဒမားစကပ် ပေါက်ကွဲမှုကြောင့် ဆီးရီးယား အစိုးရ တပ်ဖွဲ့ဝင် ၃ဝကျော် သေဆုံး

  • 18 နိုဝင်ဘာ 2013
Image caption ပေါက်ကွဲမှုကို အဝေးက မြင်ရပုံ

ဆီးရီးယား နိုင်ငံ ဒမားစကပ်စ်မြို့တော်နားက စစ်စခန်းတခုမှာ အင်အားပြင်း ဗုံးတလုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခံခဲ့ရလို့ အစိုးရ တပ်ဖွဲ့ဝင် အယောက် ၃ဝကျော် သေဆုံးသွားပြီး အဲဒီအထဲက လေးယောက်က ဗိုလ်ချုပ်ကြီးတွေ ဖြစ်တယ်လို့ အတိုက်အခံ အဖွဲ့တွေက ပြောပါတယ်။

ပေါက်ကွဲမှုကြောင့် အဆောက်အဦပြိုကျမှုတွေ ဖြစ်ခဲ့ပြီး ဖောက်ခွဲရေး ပစ္စည်းတွေကို မြေအောက်ခန်းထဲမှာ ထား ဖောက်ခွဲခဲ့တာလို့ အတိုက်အခံ အဖွဲ့တွေက ဆိုပါတယ်။

ဒီသတင်းသာ အတည်ဖြစ်မယ် ဆိုရင် အတိုက်အခံဖက်က တိုက်ခိုက်ရေးသမားတွေဟာ အစိုးရဖက်က လုံခြုံရေး အစောင့်အကြပ်တွေကို ကျော်သွားနိုင်တဲ့ သဘောမျိုး ဖြစ်နေပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ ဆီးရီးယား အစိုးရဖက်က သတင်းတစုံတရာ ထွက်ပေါ်လာတာ မရှိသေးပါဘူး။