အမေရိကန် ပြည်ထောင်စုမှာ အင်အားပြင်း လေဆင်နှာမောင်း ၀င်မွှေ

  • 18 နိုဝင်ဘာ 2013
Image caption လေဆင်နှာမောင်းဒဏ် ခံခဲ့ရပြီးတဲ့နောက် မြင်ကွင်း

အမေရိကန် ပြည်ထောင်စု က Illinois ၊ Indiana နဲ့ Kentucky ပြည်နယ်တွေမှာ အင်အားပြင်းထန်တဲ့ လေဆင်နှာမောင်း တိုက်ခတ်ခဲ့ပါတယ်။

အမေရိကန် အနောက်အလယ်ပိုင်း တလွှားမှာ အရှိန် အဟုန်နဲ့ ဝင်ရောက် တိုက်ခတ်ခဲ့ လေဆင်နှာမောင်းဒဏ်က ဘေးလွတ်ရာ ပြေးကြဖို့ ဒေသခံတွေဆီကို ဆိုင်ရင် အချက်ပေးသံတွေနဲ့ သတိပေးခဲ့ပါတယ်။

Peoria မြို့နဲ့ အနီးက Washington (in Illinois) မြို့တို့က ရတဲ့ ဓါတ်ပုံတွေ အရ ကားတွေ ကျွမ်းပျံနေတာ ၊ အိမ်တွေဆို အောက်ခြေကနေ လဲပြိုကုန်တာကို တွေ့ရပါတယ်။

ဒေသန္တရ ဆေးရုံဝန်ထမ်းတွေ အပြောအရ လူတွေ ဆယ်ဂဏန်းနဲ့ချီ ထိခိုက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

လေဆင်နှာမောင်းဒဏ်ကြောင့် အနည်းဆုံး လူတယောက် သေဆုံးသွားပြီး လူအများအပြားဟာ အဆောက်အဦတွေထဲမှာ ပိတ်မိနေတယ်လို့ သိရပါတယ်။

အစ်လီနွိုင်း ပြည်နယ် အုပ်ချုပ်ရေးမှူးကတော့ လူတွေကို လမ်းတွေပေါ်မှာ မနေကြဖို့ ဆော်သြထားပါတယ်။