အာဖဂန် အကြီးအကဲများ ကဘူးလ် မှာ တွေ့ဆုံ

  • 21 နိုဝင်ဘာ 2013

Loya Jirga လို့ ခေါ်တဲ့ အာဖဂန် အကြီးအကဲများ ကောင်စီ အစည်းဝေးကို ကဘူးလ် မြို့တော်မှာ ကျင်းပနေပြီး လူမျိုးစု ခေါင်းဆောင်တွေ ထောင်နဲ့ချီ တက်ရောက်နေကြပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံမှာ ၂၀၁၄ ခုနှစ် ရောက်တဲ့အထိ အမေရိကန် တပ်ဖွဲ့တွေ ဆက်ပြီး ရှိနေမယ့် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို ထောက်ခံဖို့ သင့်မသင့် ဒီအစည်းအဝေးမှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဒီညီလာခံမှာ အမေရိကန်နဲ့ လုံခြုံရေး သဘောတူညီချက် ကို လက်မှတ်ထိုးမလား မထိုးဘူးလား ဆိုတဲ့ အချက်တခုထဲကိုပဲ ဆွေးနွေးကြဖို့ မျှော်လင့်ကြောင်း သမ္မတ ခါဇိုင်း က အဖွင့် မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

သူက အမေရိကန်တွေရဲ့ လိုလားချက်ကို အသိအမှတ် ပြုပေမယ့် အမေရိကန် အနေနဲ့ ကျွန်တော်တို့ လူမျိုးတွေရဲ့ အသက်ကို လေးစား တန်ဖိုးထားရပါမယ်။ ဥပဒေကို လေးစားရမယ်၊ ကျွန်တော်တို့ရဲ့ လွတ်လပ် အမှီခိုကင်းမှုကို လေးစားပြီး သစ္စာရှိ၊ ရိုးသားတဲ့ မဟာမိတ် ဖြစ်ရပါမယ် လို့ သမ္မတခါဇိုင်း က ပြောသွားပါတယ်။

ဒီသဘောတူညီချက်ဟာ အာဖဂန် နစ္စတန်ရဲ့ အကျိုးစီးပွား အတွက် အကောင်းဆုံး ဖြစ်မယ့်အကြောင်း အမေရိကန် သမ္မတ အိုဘားမားက အာမခံထားတယ် လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ