ဂျီနီဗာ နျူဆွေးနွေးပွဲ အသုံးဝင်ဟု အီရန် ပြော

  • 21 နိုဝင်ဘာ 2013

အီရန်နိုင်ငံရဲ့ နျူကလီးယား အစီအစဉ်နဲ့ ပတ်သက်ပြီး ဂျီနီဗာမြို့မှာ နောက်ဆုံး ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲတွေဟာ အသုံးဝင်တယ် လို့ အီရန် ဖက်က ပြောပါတယ်။

အီရန်ဖက်က ယူရေနီယမ် ဓါတ်သတ္တု သန့်စင်မှုတွေကို ရပ်ဆိုင်းထားပြီး အပြန်အလှန်အားဖြင့် နိုင်ငံတကာဖက်က ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ပေးဖို့ အမေရိကန် အပါအဝင် ကမ္ဘာ့ အင်အားကြီး ခြောက်နိုင်ငံ တို့က ပြဿနာကို အပြီး မဖြေရှင်းနိုင်သေးခင် ကြားကာလ သဘောတူညီချက် ရအောင် ညှိနှိုင်းခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒီ ကမ္ဘာ့ အင် အားကြီး နိုင်ငံတွေ ဖက်က အဓိက စေ့စပ်ညှိနှိုင်းရေးမှူး ဖြစ်တဲ့ Cathrine Askton နဲ့ အီရန် နိုင်ငံခြားရေး ဝန်ကြီး Mohammad Jarad Zarif တို့ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးမှုတွေ ရှိခဲ့ကြောင်း ကက်သရင်း အက်ရှ်တန် ရဲ့ ပြောခွင့်ရသူက တွစ်တာ မက်ဆေ့ချ် တခုမှာ ဖော်ပြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ