တရုတ် လေကြောင်း ကာကွယ်ရေးဇုန် သတ်မှတ်

  • 23 နိုဝင်ဘာ 2013
china island map
Image caption အရှေ့တရုတ် ပင်လယ်ထဲက ပိုင်နက် အငြင်းပွား

အရှေ့တရုတ် ပင်လယ်ထဲက အငြင်းပွားနေတဲ့ ရေပိုင်နက်မှာ လေကြောင်း ကာကွယ်ရေး ဇုန် သတ်မှတ်မှုကို ဂျပန်က ပြင်းပြင်းထန်ထန် ကန့်ကွက် လိုက်ပါတယ်။

ဒီရေပြင်ကို ဖြတ်သန်း မောင်းနှင်မယ့် လေယာဉ်မှန်သမျှ တရုတ် အစိုးရကို ပျံသန်းရေး အစီအစဉ်ပေးရမယ်၊ ရေဒီယို အချက်ပြ ဆက်သွယ်ရေး ထားရမယ်လို့ တရုတ်က တောင်းဆို ထားပါတယ်။

တရုတ်က သတ်မှတ်တဲ့ ဇုန်နယ်မြေသစ်မှာ ၂ နိုင်ငံ ပိုင်ဆိုင်မှု အငြင်းပွားပြီး ထိပ်တိုက်တွေ့ နေတဲ့ Senkaku ခေါ် Diaoyu ကျွန်းစုတွေ ပါနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ