အီရန်နျူကလီးယား ဆွေးနွေးမှု သဘောတူညီချက် ရလု

  • 23 နိုဝင်ဘာ 2013
Image caption အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီ

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန်ကယ်ရီဟာ အီရန်နျူကလီးယား အစီအစဉ် ဆွေးနွေးပွဲ ကျင်းပရာ ဂျီနီဗာမြို့ကို ထွက်ခွာသွားပါပြီ။

အဲဒီ ဆွေးနွေးပွဲကို ပြင်သစ်နဲ့ ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီးတွေလည်း တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ကတော့ ဆွေးနွေးပွဲမှာ အရင်ရက်တွေ ကတည်းက တက်ရောက်နေတာ ဖြစ်ပါတယ်။

ဆွေးနွေးမှုဟာ သဘောတူညီချက် ရလုနီးပါး ရှိနေပြီ ဆိုတဲ့ ခန့်မှန်းပြောဆိုမှုတွေ ထွက်ပေါ်နေချိန်မှာ အခုလို နိုင်ငံခြားရေး ဝန်ကြီးတွေ ဒီပွဲကို တက်ရောက်ဖို့ ထွက်ခွာ သွားကြတာ ဖြစ်ပါတယ်။

အီရန်နဲ့ အင်အားကြီး ခြောက်နိုင်ငံက ကိုယ်စားလှယ်တွေဟာ သဘောထား ကွဲပြားမှုတွေကို ဆွေးနွေးနေတာ သုံးရက် ရှိသွားခဲ့ပြီ ဖြစ်ပါတယ်။