အီရန် အဏုမြူ ကြားဖြတ် သဘော တူညီချက်ရ

  • 24 နိုဝင်ဘာ 2013
iran
Image caption ရေရှည် သဘောတူညီမှု ရဖို့ ဆက်ညှိနှိုင်းရမယ်

အီရန်နဲ့ အင်အားကြီး ၆ နိုင်ငံ အဖွဲ့ကြား အဏုမြူရေး ကြားဖြတ် သဘောတူညီမှု တခု ဂျနီဗာ ဆွေးနွေးပွဲမှာ ရရှိ သွားပါတယ်။

၆ လခံ ဒီသဘော တူညီချက် အရ ယူရေနီယံ သန့်စင်မှု လျှော့ချဖို့ အီရန်ဘက် ကတိပြု ခဲ့ပြီး အပြန်အလှန် အနေနဲ့ ပိတ်ဆို့မှု တချို့ကို လျှော့ပေါ့ ပေးဖို့ ရှိပါတယ်။

နှစ်ပေါင်း များစွာ အတွင်း အီရန် အဏုမြူ စီမံကိန်းကို ပထမဆုံးအကြိမ် ထိန်းချုပ် နိုင်ခဲ့ပြီလို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

ရေရှည် သဘော တူညီမှု ရဖို့ ဒီကြားထဲမှာ ဆက်ပြီး ညှိနှိုင်းသွားရဖို့ ရှိပါတယ်။

အီရန် နိုင်ငံခြားရေး ဝန်ကြီး မိုဟာမက် ဇာရိဖ် ကတော့သူ့နိုင်ငံ အနေနဲ့ ယူရေနီယံ သန့်စင်ခွင့် ရှိကြောင်း အသိအမှတ်ပြု ခံရပြီး ဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

ဒီကြားဖြတ် သဘော တူညီမှုမှာ အီရန်ရဲ့ ယူရေနီယံ သန့်စင်မှုကို အသေအချာ ဖော်ပြထားတယ်လို့ မစ္စတာ ဇာရိဖ်က ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ ကတော့ အီရန် ရဲ့ ပြောကြားချက် မဟုတ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

အီရန် သမ္မတ ဟာဆန် ရိုဟာနီ ကလည်း ဒီသဘောတူညီမှုကို ရုပ်သံ မိန့်ခွန်း ကနေ ကြိုဆို ခဲ့ပြီး အဏုမြူ သန့်စင်မှုတွေ ဆက်လုပ်သွားမယ်၊ ဒါပေမဲ့ အီရန်က အဏုမြူ လက်နက် ထုတ်ဖို့ မရှိဘူးလို့ ပြောကြား ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ