အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်တွေနဲ့ တိုက်ခိုက်မှုကို ပါကစ္စတန်မှာ ဆန္ဒပြ

  • 24 နိုဝင်ဘာ 2013
Image caption US မောင်းသူမဲ့ယာဉ်နဲ့ တိုက်ခိုက်မှုကို ဆန့်ကျင်တဲ့ အင်မရာခန်

ပါကစ္စတန်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်တွေနဲ့ လေကြောင်းက တိုက်ခိုက်မှုတွေကို ဆန့်ကျင်တဲ့ အနေနဲ့ ထောင်နဲ့ချီတဲ့ လူတွေ ချီတက် ဆန္ဒပြခဲ့ကြပြီး အိမ်နီးချင်း အာဖဂန် နစ္စတန်က နေတိုးတပ်ဖွဲ့ရဲ့ အဓိက ထောက်ပံ့ရေး လမ်းကြောင်းကို ပိတ်ဆို့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြပါတယ်။

ပတ်ရှဝါ ဒေသမှာ ကျင်းပခဲ့တဲ့ အဲဒီ ချီတက် ဆန္ဒပြပွဲကို အငြင်းပွားစရာ ဖြစ်တဲ့ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်တွေနဲ့ လေကြောင်းက တိုက်ခိုက်မှု ရပ်သွားတဲ့ အထိ ဆက်လက် ဆန္ဒပြသွားမယ်လို့ ခြိမ်းခြောက် ပြောဆိုနေတဲ့ ခရစ်ကတ် အားကစားသမား ကနေ နိုင်ငံရေးသမား ဘ၀ကို ပြောင်းလာခဲ့တဲ့ Imran Khan က ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပါကစ္စတန်က လူမျိုးစုတွေ နေထိုင်တဲ့ ဒေသအပြင်ဖက်မှာ အမေရိကန်ရဲ့ မောင်းသူမဲ့ယာဉ်နဲ့ လေကြောင်းက တိုက်ခိုက်မှုကြောင့် အာဖဂန် စစ်သွေးကြွလို့ သင်္ကာမကင်း ဖြစ်ခံရသူ သုံးယောက် အပါအဝင် လူငါးယောက်သေဆုံးခဲ့ရပြီး နှစ်ရက် အကြာမှာ အခုလို ချီတက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့တာပါ။

ဒီမောင်းသူမဲ့ယာဉ်တွေနဲ့လေကြောင်းက တိုက်ခိုက်မှုဟာ သူတို့ရဲ့ အချုပ်အချာ အာဏာကို ချိုးဖောက်တာဘဲလို့ ပါကစ္စတန်က ပြောနေချိန်မှာ အမေရိကန်ကတော့ ဒီတိုက်ခိုက်မှုတွေဟာ အဲဒီဒေသက တာလီဘန်နဲ့ အယ်ကိုင်ဒါး စစ်သွေးကြွတွေကို နှိမ်နင်းရာမှာ မရှိမဖြစ် အရေးပါတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ