ထိုင်းအစိုးရနုတ်ထွက်ဖို့ တောင်းဆိုဆန္ဒပြ

  • 25 နိုဝင်ဘာ 2013

ထိုင်းနိုင်ငံမှာ လက်ရှိ ဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ် ရာထူးက ဆင်းပေးဖို့ တောင်းဆိုနေကြတဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေဟာ မြို့တော် ဘန်ကောက်က ဘဏ္ဍာရေး ဝန်ကြီးဌာန နေရာ တချို့ကို သိမ်းယူထားပြီ ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီ ခေါင်းဆောင်ဟောင်းတွေ ဦးဆောင်နေတာ ဖြစ်တဲ့ ဒီဆန္ဒပြသူတွေဟာ အစိုးရ ရုံး နေရာ ၁၃ ခုကို ချီတက် ဆန္ဒပြနေကြတာ ဖြစ်ပြီး အခုဆိုရင် ဝန်ကြီးချုပ် ရုံးနားကို ချည်းကပ် လာနေပြီ လို့လည်း သိရပါတယ်။

တိုင်းပြည်အတွက် ဆိုးကျိုး လုပ်နေသူတွေကို တွန်းလှန် တိုက်ပွဲဝင်နေတာဖြစ်တယ်၊ ထပ်စင် ချင်နဝပ် မျိုးရိုး ထိုင်းနိုင်ငံက ပပျောက်သွားအောင် လုပ်ရမှာ ဖြစ်တယ်လို့ ဆန္ဒပြသူ တဦးက အသံချဲ့စက်က ကြေညာပြီး ချီတက်နေကြပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ယင့်လတ် အစိုးရဟာ သူ့အကို တက်ဆင် ရှင်နာဝပ်ရဲ့ ကြိုးဆွဲရာ ကနေရတယ်ဆိုပြီး ဆန္ဒပြသူတွေက စွပ်စွဲကြပါတယ်။

တဖက်မှာလည်း အစိုးရကို ထောက်ခံတဲ့ ရှပ်နီတွေက ဘန်ကောက်မြို့ အားကစားရုံ တခုမှာ စုရုံးပြီး အစိုးရကို ထောက်ခံတဲ့ ဆန္ဒ ထုတ်ဖေါ်မှုတွေ ပြုလုပ်နေပါတယ်။

ဝန်ကြီးချုပ် ယင့်လတ်ခ် ချင်နဝပ်ကတော့ သူ့အစိုးရ နှုတ်ထွက်မှာ မဟုတ်သလို လွှတ်တော် ဖျက်သိမ်းဖို့လည်း မရှိဘူး၊ လွှတ်တော်မှာ ရှင်းလင်း ပြောကြားဖို့ပဲ ရှိတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ မနက်ဖြန်ကြရင် လွှတ်တော်မှာ အတိုက်ခံပါတီက အစိုးရကို အယုံအကြည် မရှိ အဆို တင်သွင်းမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ