အီဂျစ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး ကော်မတီ၀င်တွေ ဆန္ဒပြ နုတ်ထွက်

  • 27 နိုဝင်ဘာ 2013
Image caption စီတန်းစုဝေးခွင့် ဥပဒေသစ်ကို မကျေနပ်လို့ ဆန္ဒပြ

အီဂျစ်နိုင်ငံမှာ ထင်ရှားတဲ့ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူတွေကို ဖမ်းဆီးတာ မကျေနပ်လို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသစ် ရေးဆွဲနေတဲ့ ကော်မတီ၀င် ဆယ်ယောက် ဟာ ဆန္ဒပြ နုတ်ထွက်သွားပါတယ်။

တက်ကြွလှုပ်ရှားသူတွေဟာ စီတန်းလှည့်လည် စုဝေးမှုတွေကို တားမြစ်ချုပ်ကိုင်ထားတဲ့ ဥပဒေသစ်ကို ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

လွှတ်တော် ပြောခွင့်ရသူက ဘီဘီစီကို ပြောပြရာမှာ ဒီ တက်ကြွ လှုပ်ရှားသူတွေကို မကြာခင် ပြန်လွှတ်ပေးဖို့နဲ့ ပြင်ဆင်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လူထုဆန္ဒကောက်ခံရေး ဒီနှစ်မကုန်ခင် ကျင်းပဖို့ စတဲ့ ကိစ္စတွေကို ဝန်ကြီးချုပ်က ဖွဲ့စည်းပုံ ရေးဆွဲရေးကော်မတီ ဥက္ကဌကို အာမခံချက် ပေးထားပြီးပြီလို့ ဆိုပါတယ်။

အီဂျစ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သမ္မတ မော်စီ ရာထူးက ဖယ်ရှားခံခဲ့ရပြီးတဲ့နောက် ဒီမိုကရေစီ ပြန်လည်ရှင်သန်ရေးမှာ လူထုဆန္ဒကောက်ခံရေးက အရေးပါတဲ့ ခြေလှမ်းတရပ် ဖြစ်ပါတယ်။