မာလီ အာဏာသိမ်း ဗိုလ်ချုပ်ကြီးကို ဖမ်း

  • 27 နိုဝင်ဘာ 2013
Amadou Sanogo
Image caption စစ် အာဏာသိမ်းမှု ကြောင့် မာလီမှာ ကစင့်ကလျား ဖြစ်

မာလီ နိုင်ငံမှာ မနှစ်က အာဏာ သိမ်းပွဲကို ခေါင်းဆောင် ခဲ့တဲ့ ဗိုလ်ချုပ်ကြီး Amadou Sanogo ကို လူသတ်မှု၊ လူပြန်ပေးမှု တွေနဲ့ ဖမ်းဆီး စွဲဆို ထားလိုက်ပြီ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Sanogo အိမ်ကို တပ်တွေ အများကြီးနဲ့ ဝိုင်းပြီး ဖမ်းခဲ့တာ ဖြစ်ပါတယ်။

သူ့ကို တရားရုံးက ရမန်ယူပြီး ချုပ်နှောင် ထားတာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီး Sanogo ရဲ့ အာဏာသိမ်းမှုကြောင့် မာလီမှာ ကစင့်ကလျား ဖြစ်ခဲ့ ပြီး နိုင်ငံ မြောက်ပိုင်းမှာ အစ္စလာမ္မစ် သူပုန်တွေ ထကြွ ခဲ့ပါတယ်။

မာလီ စစ်သား တွေက လူထု အပေါ် စနစ်တကျ ညှဉ်းပန်း သတ်ဖြတ် တာတွေ ရှိတယ် ဆိုပြီး စွပ်စွဲမှုတွေ လည်း ထွက်နေ ပါတယ်။

ဗိုလ်ချုပ်ကြီးကို ဖမ်းဆီး လိုက်လို့ ပြည်သူ တွေ စိတ် သက်သာရာ ရသွားကြောင်း ၊ အသစ် တက်လာတဲ့ အရပ်သား အစိုးရ က စစ်တပ်ကို အစွယ်ထုတ်ပြ လိုက်တာ ဖြစ်ကြောင်း ဘာမာကို မြို့တော်က ဘီဘီစီ သတင်းထောက်က ပြောဆို ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ