ယူကရိန်း အီးယူအစည်းအဝေးတက်

  • 28 နိုဝင်ဘာ 2013
eu summit
Image caption ယူကရိန်း အီးယူဝင်ဖြစ်ရေး ဆန္ဒပြ တောင်းဆို

ယူကရိန်း အတွက် ဥရောပ သမဂ္ဂကို ဝင်ဖို့ လမ်းစ ရှိသေးကြောင်း ဂျာမနီ ဝန်ကြီးချုပ် အန်ဂလာ မာကဲက လစ်သူယေးနီးယားမှာ ကျင်းပတဲ့ အီးယူ ထိပ်သီး ဆွေးနွေးပွဲမှာ ပြောဆို လိုက်ပါတယ်။

ယူကရိန်း သမ္မတ Viktor Yanukovych လည်း ဒီထိပ်သီး ဆွေးနွေးပွဲ ကို တက်နေပါတယ်။

ဒါပေမဲ့ ရုရှ ဖိအားကို အကြောင်းပြပြီး ဥရောပ ပူးပေါင်း ဆောင်ရွက်ရေး ဆိုင်ရာ သဘော တူညီချက်ကို ယူကရိန်းက လက်မှတ်ထိုးဖို့ ရုပ်သိမ်းခဲ့ပါတယ်။

အီးယူ အဖွဲ့ဝင် ၂၈ နိုင်ငံ ကိုယ်စားလှယ် တွေ ယူကရိန်းကို စိတ်လည်လာအောင် နားချဖို့ ကနေ့ည နောက်ဆုံးအချီ အနေနဲ့ ကြိုးစား နေကြ ပါတယ်။

ယူကရိန်းဟာ ရုရှားနဲ့ ဆက်ဆံရေး ပိုမို နီးစပ်မှု ရှိလာစေဖို့ ဥရောပ သမဂ္ဂနဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် စာချုပ်ကို ငြင်းပယ်မယ် ဆိုရင် ယူကရိန်း အနာဂတ် စီးပွားရေးက အန္တရာယ် ရှိတယ်လို့ ဥရောပ သမဂ္ဂက သတိပေး လိုက်ပါတယ်။

ယူကရိန်းကို ဥရောပ သမဂ္ဂ အတွက် ကုန်သွယ်ရေးနဲ့ နိုင်ငံရေး ဆိုင်ရာ အကြီးဆုံး မိတ်ဘက် အဖြစ် ကျယ်ကျယ်ပြန့်ပြန့် မှတ်ယူ နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ