နှစ်နိုင်ငံ ဆက်ဆံရေး တိုးတက်

  • 1 ဒီဇင်ဘာ 2013
Image caption အာဖဂန် သမ္မတ ဟာမစ်ခါဇိုင်းနဲ့ ပါကစ္စတန် သမ္မတ နာဝပ်စ် ရှာရစ်ဖ်

ပါကစ္စတန် ၀န်ကြီးချုပ် နာ၀ပ်စ် ရှာရစ်ဖ်ဟာ အာဖဂန် နစ္စတန်မှာ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းချက်မှာ အကူအညီပေးသွားမယ်လို့ ကတိပေး ပြောကြား လိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ တုန်းကမှ ပါကစ္စတန် အစိုးရရဲ့ ထိန်းသိမ်းမှုက လွတ်မြောက်လာကာ ၊ တာလီဘန်တွေနဲ့ ငြိမ်းချမ်းရေးမှာ ကြား၀င်ညှိနှိုင်းပေးနိုင်မယ့် အလားအလာ ရှိတဲ့ ၊ တာလီဘန် တပ်မှူးဟောင်း Mullah Baradar နဲ့ အာဖဂန် အရာရှိတွေကြား ပိုမို တွေ့ဆုံမှုတွေ ရှိလာအောင်စီစဉ်ပေးဖို့ သဘောတူညီမှု ရခဲ့တယ်လို့ မစ္စတာ ရှာရစ်ဖ်က ပြောပါတယ်။

ပြီးခဲ့တဲ့ မေလကတည်းက အာဏာရလာတဲ့ မစ္စတာ ရှာရစ်ဖ် ရဲ့ ပထမဆုံး အာဖဂန် ခရီးစဉ်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

ပါကစ္စတန်ဟာ အာဖဂန် နစ္စတန်မှာ တိုက်ခိုက်မှုတွေကို တိုးမြှင့်လုပ်ဆောင်နေတဲ့ အစ္စလာမ် ဝါဒီ တိုက်ခိုက်ရေးသမားတွေ ခိုအောင်းနေတဲ့ နေရာ ဖြစ်ပြီး သူတို့ကို အားပေးအားမြှောက် ပြုနေတယ် ဆိုပြီး ကာလရှည်ကြာ ကတည်းက စွပ်စွဲ ပြောဆိုခံနေရတာ ဖြစ်ပါတယ်။

ဒါပေမယ့် နှစ်နိုင်ငံ ဆက်ဆံရေးဟာ မကြာသေးခင်ကမှ တိုးတက်လာတာ ဖြစ်ပါတယ်။