ဘန်ကောက် ဆန္ဒပြပွဲတွေ စတင်နှိမ်နင်း

  • 1 ဒီဇင်ဘာ 2013
bangkok
Image caption အဓိကရုဏ်း နှိမ်နင်းရေး ရဲတွေ အသုံးပြု

ဘန်ကောက်မြို့က ထောင်နဲ့ချီတဲ့ အစိုးရ ဖြုတ်ချရေး ဆန္ဒပြသူတွေက အစိုးရုံးတွေ၊ တီဗီ အသံလွှင့်ရုံ တွေနဲ့ ရဲဌာနချုပ်ကို ဝင်စီးဖို့ ကြိုးစား နေပါတယ်။

ဆန္ဒပြ သမားတွေ ဝိုင်းပြီး တပတ် အကြာမှာ ပထမ ဆုံးကြိမ် အဓိကရုဏ်း နှိမ်နင်းရေး ရဲက မျက်ရည်ယို ဗုံးနဲ့ ရေပိုက်တွေ သုံး၊ အတားအဆီး တွေ ချပြီး ဝန်ကြီးချုပ် ရုံးနဲ့ တခြား နေရာ တွေကို ဝိုင်းထားတဲ့ ဆန္ဒပြသူ တွေကို ဖြိုခွဲ ခဲ့ပါတယ်။

ဝန်ကြီးချုပ် ရင်လတ် ချင်နာဝတ် အစိုးရကို တော်လှန် တိုက်ခိုက်ဖို့ ဆန္ဒပြ ခေါင်းဆောင် တွေက လူထုကို ဆော်ဩ ထားပါတယ်။

မနက်ဖန် တနင်္လာ နေ့မှာ အထွေထွေ သပိတ်ကြီး မှောက်ဖို့ တောင်းဆို နေပြီး ရင်ဆိုင် အချင်းများ မှုတွေအတွင်း လူ ၄ ယောက် ပစ်သတ် ခံခဲ့ရပါတယ်။

အခြေအနေ ဖရိုဖရဲ ဖြစ်နေပေမယ့် စစ်တပ် အာဏာသိမ်းမှုကို ဘယ်ဘက်ကမှ မလိုလားလို့ သိမ်းနိုင်ခြေ နည်းပါးတယ်လို့ ယူဆ နေကြပါတယ်။

ဆန္ဒပြပွဲတွေ အတွင်း မြန်မာ နိုင်ငံသား တွေ မပါဖို့ ဘန်ကောက် သံရုံးက နှိုးဆော် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ