တိုင်းပြည် ညီညွတ်ဖို့ ထိုင်းဘုရင် တိုက်တွန်း

  • 5 ဒီဇင်ဘာ 2013
Image caption ထိုင်းဘုရင် Bhumibol Adulyadej မွေးနေ့မှာ မိန့်ခွန်းပြောစဉ်။

ထိုင်း ပြည်သူတွေလေးစား ကြည်ညို ကြတဲ့ ဘုရင်ကြီးဘူမိဘောက သူ့ရဲ့ ၈၆ နှစ်မြောက် မွေးနေ့ ဒီကနေ့မှာ တိုင်းပြည်အတွက် အချင်းချင်း ညီညွတ်ကြဖို့ တိုက်တွန်း လိုက်ပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက် မြို့တော်မှာ ရက်အတန်ကြာ အကြမ်းဖက် ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်အပြီး Hua Hin ပင်လယ်ကမ်းခြေက ဘုရင့် နန်းတော်မှာ ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ အခုလို တိုက်တွန်းလိုက်တာပါ။

ထိုင်း ပြည်သူလူထု စည်းလုံး ညီညွတ်လို့ နိုင်ငံ အေးချမ်းခဲ့တာလို့ ဘုရင်ကြီးက ပြောပါတယ်။

ကန့်ကွက် ဆန္ဒပြကြသူတွေက လက်ရှိ ထိုင်းဝန်ကြီးချုပ် ယင်လတ် ရှင်နာဝပ် အစိုးရဟာ ပြည်ပမှာ ခိုလှုံနေတဲ့ သူ့အစ်ကို သက်ဆင် ရှင်နာဝပ်ရဲ့ ကြိုးဆွဲရာ ကနေတာလို့ စွပ်စွဲပြီး ဖြုတ်ချဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ