ဗဟို အာဖရိကမှာ ပြင်သစ် စစ်ရေး စတင်

  • 6 ဒီဇင်ဘာ 2013
Image caption မြို့တော ဘန်ဂီမှာ ကင်းလှည့်နေတဲ့ ပြင်သစ် တပ်ဖွဲ့တွေ။

ဗဟို အာဖရိက သမ္မတ နိုင်ငံမှာ အရပ်ဘက် ပြည်သူတွေကို ကာကွယ်နိုင်ဖို့အတွက် စစ်ရေး ဆောင်ရွက်မှုတွေ စတင်လိုက်ပြီလို့ ပြင်သစ်က ပြောပါတယ်။

ပြင်သစ် စစ်သားတွေဟာ မြို့တော် ဘန်ဂီမှာ ကင်းလှည့် နေကြပြီး ရဟတ်ယာဉ်တွေပါ ထပ်ပြီး စေလွှတ်ထားပြီး ဖြစ်တယ်လို့ ပြင်သစ် ကာကွယ်ရေး ဝန်ကြီး ယွန်အိဗ်စ် လာဒရီယန်းက ပြောပါတယ်။

အဲဒီမှာ ဖယ်ရှားခံရတဲ့ သမ္မတ ဖရန်ဆွာ ဘိုဇီဇီရဲ့ တပ်ဖွဲ့တွေနဲ့ အရင်က သူပုန် တပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ဖြစ်ခဲ့လို့ လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့ရပြီး နာရီပိုင်း အကြာမှာ အခြေအနေတွေကို ထိန်းသိမ်းဖို့အတွက် ပြင်သစ်က ဦးဆောင်ပြီး ဆောင်ရွက်ဖို့ ကုလသမဂ္ဂက ကြာသပတေးနေ့က ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။