အာဖရိက ဆွေးနွေးပွဲ မန်ဒဲလား သတင်း လွှမ်းမိုး

  • 6 ဒီဇင်ဘာ 2013
Image caption ပြင်သစ် နိုင်ငံခြားရေးရုံး အပြင်မှာ ချိတ်ထားတဲ့ မင်ဒဲလား ရုပ်ပုံ။

အာဖရိက ခေါင်းဆောင်တွေဟာ ပါရီမြို့မှာ တွေ့ဆုံပြီး အာဖရိက တည်ငြိမ် အေးချမ်းရေး အတွက် ၂ ရက်ကြာ ထိပ်သီး ဆွေးနွေးပွဲ ကျင်းပနေကြရာမှာ မစ္စတာ မန်ဒဲလား ကွယ်လွန်သွားတဲ့ သတင်းကသာ လွှမ်းမိုး နေခဲ့ပါတယ်။

အဲဒီ ဆွေးနွေးပွဲကို ပြင်သစ် သမ္မတ ဖရန်ဆွာ ဟော်လန်းက အာဖရိကတိုက်ရဲ့ လုံခြုံရေး တပ်ဖွဲ့ တည်ထောင်ကြဖို့အတွက် အာဖရိကနိုင်ငံတွေကို တိုက်တွန်းဖို့ ခေါ်ယူထားတာ ဖြစ်ပါတယ်။

ဗဟို အာဖရိက သမ္မတ နိုင်ငံအတွင်း ဖြစ်ပွားနေတဲ့ ခွဲထွက်ရေး လှုပ်ရှားမှုနဲ့ တိုက်ခိုက်မှုတွေကို ထိန်းသိမ်းနိုင်ရေးအတွက် ပြင်သစ် တပ်ဖွဲ့တွေကို စေလွှတ်လိုက်အပြီးမှာ အခုလို ခေါ်ယူလိုက်တာ ဖြစ်ပါတယ်။

ပါရီမြို့က ဘီဘီစီ သတင်းထောက်ကတော့ ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားအထိ အာဖရိက နိုင်ငံတွေက ခေါင်းဆောင်တွေ ဆက်ရှိနေနိုင်ပြီး ဖွင့်ပွဲ ပြီးရင်တော့ မစ္စတာ မန်ဒဲလား ကွယ်လွန်ခြင်းအတွက် အထိမ်းအမှတ် ပြုကြဖို့ သူတို့ နေရပ်ကို ပြန်ကြလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ