မန်ဒဲလား စျာပနယာဉ်တန်း ၃ ရက်ကြာလှည့်မယ်

  • 7 ဒီဇင်ဘာ 2013
Image caption မစ္စတာ မန်ဒဲလား အတွက် အမှတ်ရ ဆုတောင်း ပွဲတွေ ကိုတော့ ဆက်လက် ပြုလုပ် နေကြဆဲ

ကွယ်လွန် သွားပြီ ဖြစ်တဲ့ တောင်အာဖရိက သမ္မတ ဟောင်း နယ်လ်ဆင် မန်ဒဲလားကို အများ ပြည်သူ ဂါဝရ ပြုနိုင်ဖို့ အတွက် စျာပန ယာဉ်တန်း ဟာ ရှေ့ သီတင်း ပတ် ကျရင် မြို့တော် ပရီတိုရီးယား လမ်းတွေပေါ် သုံးရက်ကြာ ဆက်တိုက် လှည့်လယ်မှာ ဖြစ်တယ်လို့ တောင်အာဖရိက အစိုးရ က ပြောကြား လိုက်ပါတယ်။

စျာပန ယာဉ်တန်းဟာ ဗုဒ္ဒဟူး နေ့က စလို့ နေ့စဉ် ရင်ခွဲရုံ ကနေ ပရီတိုးရီးယား အစိုးရ အဆောက် အအုံတွေ ရှိဟာ နေရာ အထိ လှည့်မှာ ဖြစ်ပြီး အဲဒီ နေရာမှာ ရုပ်အလောင်းကို ထားရှိမှာ ဖြစ်ကြောင်း အစိုးရ ပြောခွင့် ရသူက ပြောပါတယ်။

လမ်းမတွေ ပေါ်မှာတော့ လူတွေဟာ စီတန်းပြီး ဂါဝရ ပြုကြဖို့ကို ဆော်သြထား ပါတယ်။ မစ္စတာ မန်ဒဲလာ ကြီးပြင်းခဲ့တဲ့ Eastern Cape ပြည်နယ် မှာတော့ စျပန ပွဲကို ၈ ရက်ကြာ ကျင်းမှာ ဖြစ်ပါတယ်။

မစ္စတာ မန်ဒဲလား အတွက် အမှတ်ရ ဆုတောင်းပွဲတွေ၊ မီးထွန်းတာတွေ ကတော့ တောင်အာဖရိက နိုင်ငံမှာ ဆက်လက် ပြုလုပ် နေကြဆဲ ဖြစ်ပါတယ်။

တောင်အာဖရိက နိုင်ငံ ဒါဘန် မြို့မှာ ကျင်းပမယ့် နယ်လ်ဆင် မန်ဒဲလား ချယ်ပီယံ ဖလား ဂေါက်သီး ရိုက်ပြိုင်ပွဲ ကိုတော့ မန်ဒဲလား စျာပနနဲ့ တိုက်ဆိုင် နေလို့ စီစဉ် ထားတာထက် တရက် စောပြီး ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ကျင်းပမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ