အီဂျစ်က အကျဉ်းစံ အမျိုးသမီးတွေ ပြန်လွှတ်လာပြီ

  • 8 ဒီဇင်ဘာ 2013
Image caption သမ္မတ မော်စီကို ထောက်ခံ ဆန္ဒပြ အမျိုးသမီးတွေ

အီဂျစ် နိုင်ငံမှာ ရာထူးက ဖယ်ရှားခံခဲ့ရတဲ့ သမ္မတ မော်စီကို ထောက်ခံဆန္ဒပြမှုနဲ့ ထောင်ချခံခဲ့ရတဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်လေး ၂၁ ယောက် ကို တရားရုံးက ပြစ်ဒဏ် လျော့ပေါ့ပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။

သူတို့အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် အပေါ် အယူခံ၀င်ခဲ့ရာမှာ Alexandria တရားရုံးက အမျိုးသမီး ၁၄ယောက် အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် ၁၁ နှစ် အစား တနှစ် သတ်မှတ်ခဲ့ပြီး လူငယ် ထိန်းသိမ်းရေး စခန်းက မိန်းကလေးငယ် ၇ ယောက် ကိုတော့ ခံဝန်ချုပ်နဲ့ လွှတ်ပေးဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

သူတို့ကို ကနဦး ပြစ်ဒဏ် ၁၁နှစ် ချမှတ်ခဲ့တုန်းကတော့ အီဂျစ်က လူအများအပြားကော ပြည်ပကပါ အံ့သြ တုန်လှုပ်ခဲ့ရတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ