အိန္ဒိယကို အိုလံပစ် ကော်မတီ ဥက္ကဌ သတိပေးပြီ

  • 8 ဒီဇင်ဘာ 2013
Image caption နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌ သောမတ်စ် ဘက်ချ်

အိန္ဒိယ နိုင်ငံဟာ အဂတိလိုက်စားမှု စွဲချက်တင်ခံထားရတဲ့ အမျိုးသား ကော်မတီ၀င် အရာရှိတွေကို ရာထူးက ထုတ်မပစ်ဘူး ဆိုရင် အိုလံပစ် လှုပ်ရှားမှုတွေကနေ အိန္ဒိယနိုင်ငံ အထုတ်ခံရနိုင်တယ်လို့ နိုင်ငံတကာ အိုလံပစ် ကော်မတီ ဥက္ကဌ Thomas Bach က သတိပေးလိုက်ပါတယ်။

လာမယ့် အင်္ဂါနေ့ အထိ တုန့်ပြန် အရေးယူမှု မရှိဘူး ဆိုရင် အိန္ဒိယ အိုလံပစ် ကော်မတီကို အသိအမှတ်ပြုမှုကနေ ပြန် ရုတ်သိမ်းဖို့ စဉ်းစားရလိမ့်မယ်လို့ မစ္စတာ ဘတ်ချ်က အေပီ သတင်းအေဂျင်စီကို ပြောကြားခဲ့ပါတယ်။

အိန္ဒိယ အစိုးရဟာ အိုလံပစ် ကော်မတီ ရွေးကောက်ပွဲမှာ ဝင်ရောက် စွက်ဖက် ခဲ့တယ်ဆိုပြီး နိုင်ငံတကာ အိုလံပစ် ကော်မတီ က အိန္ဒိယ နိုင်ငံဆိုင်ရာ အိုလံပစ် ကော်မတီကို လွန်ခဲ့တဲ့ တနှစ်တုန်းက အဖွဲ့၀င် အဖြစ်က ရပ်ဆိုင်းခဲ့တာ ဖြစ်ပါတယ်။

တကယ်လို့ အိန္ဒိယ အိုလံပစ် ကော်မတီ ဟာ အသိအမှတ်ပြု ရပ်ဆိုင်းခံရရင် အိန္ဒိယ အားကစားသမားတွေဟာ အိုလံပစ် ပွဲတော်မှာ သူတို့ နိုင်ငံ အလံအောက်ကနေ နိုင်ငံဂုဏ်ဆောင်ပြီး ပါ၀င် ကစားလို့ မရတော့ဘဲ ဖြစ်သွားမှာပါ။

အိန္ဒိယ အိုလံပစ် ကော်မတီဟာ သူတို့ရဲ့ ဖွဲ့စည်းပုံဟာ အိုင်အိုစီ ညွှန်ကြားချက်တွေနဲ့ ကိုက်ညီမှုရှိ မရှိ ပြန်လည် ပြုပြင် သုံးသပ်ဖို့ ဒီနေ့ တနင်္ဂနွေနေ့မှာ စည်းဝေးကြမှာ ဖြစ်ပါတယ်။