မန်ဒဲလား အတွက် ဝတ်ပြု ဆုတောင်း

  • 8 ဒီဇင်ဘာ 2013
mandela
Image caption ဂျိုဟန်နစ္စဘတ် မြို့ ဆုတောင်းပွဲ ကို လက်ရှိ သမ္မတ ဇူးမား တက်ရောက်

တောင်အာဖရိက နိုင်ငံ တဝှမ်း သန်းနဲ့ချီတဲ့ ပြည်သူ တွေက ကွယ်လွန်သူ သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလား အတွက် တနင်္ဂနွေနေ့မှာ ဝတ်ပြု ဆုတောင်း ပေးခဲ့ ကြပါတယ်။

မစ္စတာ မန်ဒဲလား ဟာ လွတ်လပ်ရေး အတွက် လှုပ်ရှား ခဲ့သူ ဖြစ်တယ်၊ ဖိနှိပ်မှုကို ဖယ်ရှားဖို့ တိုက်ပွဲ ဝင်ခဲ့ တယ်လို့ ဂျိုဟန်နစ္စဘတ် မြို့က ဆုတောင်းပွဲ တခုကို တက်ရောက် လာတဲ့ တောင်အာဖရိက လက်ရှိ သမ္မတ ဂျက်ကော့ ဇူးမားက ပြောကြား ခဲ့ပါတယ်။

မန်ဒဲလား တန်ဖိုးထား ကိုင်စွဲခဲ့တဲ့ စံနှုန်း တွေကို မမေ့ကြဖို့ ဇူးမားက ပြောကြား ခဲ့ပါတယ်။

မစ္စတာ မန်ဒဲလား ကွယ်လွန်ချိန်မှာ ဝမ်းနည်း ကြေကွဲမှုကို ပြခဲ့ကြတဲ့ တောင်အာဖရိက နိုင်ငံသား တွေကို ကျေးဇူး တင်ကြောင်း မစ္စတာ ဇူးမားက ပြောကြား ခဲ့ပြီး နိုင်ငံကို ပြန်လည် ကုစားနိုင်ဖို့ အချိန် အကြာကြီး ယူခဲ့ရတယ် လို့လည်း ပြောကြား ခဲ့ပါတယ်။

အင်္ဂါနေ့ ကျင်းပမယ့် နိုင်ငံ အဆင့် အောက်မေ့ဖွယ် နေ့ကို ကမ္ဘာ့ နိုင်ငံ ခေါင်းဆောင် ၅၃ ယောက် တက်ရောက် ကြမှာပါ။

ဒီသတင်းနဲ့ပတ်သက်သမျှ